💕9💕

1.7K 131 91
                                    

Uni

ဒီလိုနဲ့ပဲ ထယ်နဲ့ဂျောင်ကုတွဲလာတာတစ်လလောက်ရှိတော့မယ်ပေါ့နော်
(ကျော်မယ်နော်)

"ဟေ့ရောင် ထယ်ယောင်း ဒီညငါတို့ ကလပ်သွားရအောင်"

ဟု ဂျင်ကစကားစလာသည် ဒါကို အကိုကြီးဂျီမင်းကလဲ မြောက်အုန်းသီးရမျက်နှာဖြင့် ဝင်၍ထောက်ခံလေသည်

"ဟုတ်တယ်ကွ ငါတို့တေကျောင်းသာပီးတော့မယ် ခုထိကလပ်ဆိုတာကိုမရောက်ဖူးဘူး ငါတို့အရွယ်သူများတေများ ချောင်းပေါက်မတက်သွားနေတာ"

ထယ်ယောင်းလဲဂျီမင်းပြောတာမမှားတာမို့ တစ်ချက်စဉ်းစားရင်း

"ခနလေး ငါ daddy ကို ဖုန်းဆက်‌ပီးခွင့်တောင်းကြည့်မယ်"

"ဟ မင်းကလဲ ကလပ်သွားမာကို မင်းအဖေကို ခွင့်တောင်းအုန်းမလား ဒီလိုဟာမျိုးကခိုးထွက်ရတာကွ"

"ဟမ်"
ဂျီမင်းအပြောကို သေချာပြန်တွေးမိမှ

"ဟာ မဟုတ်ဘူးလေကွာ daddyဆိုတာကွာ ဘလိုပြောရမလဲ မပြောတော့ဘူးပြောလဲ မင်းလိုfaကောင်တေကသိမှာမှမဟုတ်တာ"

"ဖူးးးးး!အဟွတ် အဟွတ်"

ထယ့်စကားကိုကြားပီး အအေးသောက်နေတဲ့ဂျင်ကသီးပါလေရော

"ထယ်ယောင်းမင်းမညစ်ပတ်နဲ့ မင်းတောင် ဟိုလူကြီးကြိုက်လို့ ရည်းစားရတာကိုများ "

"ဒါပေမဲ့ ငါကကြိုက်မဲ့သူရှိသေးတယ်လေကွာ"

သူတို့စကားပြောနေတုန်း သူတို့ဝိုင်းကိုရောက်လာတဲ့ လူနှစ်ယောက်

ထယ်ယောင်းလဲအဲ့လူတေကိုကြည့်နေရင်းမှ သူတို့ဘက်ကစကားစပြောလာသည်

"မိုချီလေး "

"ဗျာ ဦးမင်"

"Jin Jin လေး "

"ဘာလဲ နမ်ဂျွန်းရာ ငါစားနေတယ်လေမမြင်ဘူးလား"
နမ်ဂျွန်းတစ်ယောက် ရိုချိန်တောင်မရလိုက်ပါပဲပါစပ်ပိတ်လိုက်ရသည်

ဒါကို နားမလည်သည့်မျက်လုံးဝိုင်းလေးနဲ့ကြည့်နေတဲ့ထယ်ယောင်းကို မြင်တော့ ဂျီမင်းနဲ့ဂျင်က ထရယ်ပါလေရော

"ဘာလဲ ဘာလို့ရီနေကြတာလဲ"

"မင်းနဲ့မိတ်ဆက်ပေးမယ် ဒါက မင်ယွန်းဂီတဲ့ ငါ့ရဲ့ဦးမင် ဦးမင် ဒါက ထယ်ယောင်းတဲ့ ကင်မ်ထယ်ယောင်း တဲ့ "

MY BAD BOY [Complete]Where stories live. Discover now