S2-1

1.1K 67 2
                                    

အခုဆိုရင် ထယ်ယောင်းတို့ရဲ့ မင်္ဂလာသက်တမ်းဟာ နှစ်နှစ်ကျော်ရှိခဲ့ပီး ထယ်ယောင်းတို့နှစ်ယောက်ရဲ့ သားလေးဟာလဲ အသက် တစ်နှစ်ကျော်ရှိခဲ့ပြီ။

ဂျောင်ကုက အရင်ကလို ထောင်ထောင်မောင်းမောင်းမဟုတ်တော့ဘဲ ခါးသေးရင်ချီကာ မိန်းမတွေရှုံးလောက်တဲ့ကောက်ကြောင်းကိုပိုင်ဆိုင်ထားတယ် ကလေးမွေးပီးတောင်မှပေါ့။

ထယ်ယောင်းကတော့ ဂျောင်ကုကုမ္ပဏီနဲ့ သူ့ကုမ္ပဏီကို တစ်ခုထဲဖြစ်အောင်ပူးပေါင်းပီး ဦးစီးလုပ်ကိုင်နေတယ်။

‌ဒီနေ့ထယ်ယောင်းတို့ ရုံးပိတ်ရက်။

"ထယ်ရေ ထတော့လေကွာ ကိုတို့သားလေးတောင်နိုးနေပီ"

ထယ်ယောင်း လဲ အိပ်ချင်မူးတူးဖြင့်
"ငါးမိနစ်ပဲလေ နော် မိန်းမလေး"

"မရဘူးကွာ ထ လို့ ကိုတို့ ကစားကွင်းသွားမယ်နေနော်"

"‌အားးးထစေချင်ရင် ပိုပိုပေး"

ထစရာရှိတာမထပဲ ကလေးလိုဂျီကျနေသော ထယ်ယောင်း‌အား ပါးနှစ်ဖတ်အားတစ်လှည်စီနမ်းလိုက်သည် ။အိပ်ယာပေါ်မှ ထယ်ယောင်းကတော့ ကောက်ကာငင်ကာထကာ ဂျောင်ကုအား အနမ်းမမည်သော အနမ်းလေးဖြင့် နှုတ်ခမ်းလေးအားမထိတထိလုပ်ကာ ရေချိုးခန်းထဲပြေးဝင်သွားသည်။

ထယ်ယောင်းသည် လူကောင်းထွားလာသည်။
အလုပ်လုပ်ရာ၌စနစ်ကျသည်။
အိမ်ထောင်ဦးစီးပီသသည်။
သို့ပေမဲ့ သူ့ရဲ့ ပင်ကိုကလေးစိတ်လေးက မပျောက်သေး ။ လွတ်လွတ်လပ်လပ် ကလေးတစ်ယောက်လို ဆော့ချင်နေသေးသည် သားနဲ့ဆို ဆော့နေရင်းရန်ဖြစ်တက်လို့ ဂျောင်ကုမှာဝင်တားရစမြဲ။ အခုလဲ ကစားကွင်းသွားရင် သူထယ်ယောင်းကိုထိန်းရပေအုံးမည်။

ဂျောင်ကုဟာ မိန်မတွေထက်လှပေမဲ့ ရုပ်ရည်ကထယ်ယောင်းထက်အသက်ကြီးပုံက ပေါ်လွင်ကွဲထွက်နေတာကြောင့် ဂျောင်ကုကို အိမ်ထောင်ဦးစီး ဒါမှမဟုတ် ကလေးရဲ့အဖေနေရာကလို့ထင်ကြတယ်။

ဂျောင်ကု တို့က အိမ်သက်သက်ခွဲနေနေကြပြီ ထယ်ယောင်းအဖေကလဲ သူ့အမေရဲ့ ဇာတိဖြစ်တဲ့ ဒယ်ဂူမှာ နေချင်တယ်ဆိုလို့ ပင်ဆင်ယူကာအဲ့နေရာလေးမှာပြောင်းရွှေ့နေထိုင်တယ်။

MY BAD BOY [Complete]Where stories live. Discover now