Chapter 2

9.3K 1.8K 135
                                    

[6]

ဧကရာဇ်တစ်ယောက် ဒီနေ့ သိပ်ပျော်မနေဘူး။

မပျော်မရွှင်နဲ့ ဧကရာဇ်ဟာ ဧကရီကို ဒေါသတကြီးသွား‌ရှာလေရဲ့။

"ကိုယ်တော်တို့ စတွေ့တုန်းက မင်းကသေချာပေါက်နူးနူးညံ့ညံ့အလှလေးလေ!"
တကယ်ပဲ ဧကရာဇ်စိတ်တိုလာပြီ။
"မင်းက မင်းက လက်ထပ်ပြီးမှ ကြမ်းကြုတ်လာတာ!"

ဧကရီက တဖြည်းဖြည်းမော့ကြည့်လာပြီး ဖြည်းဖြည်းချင်းသူ့ကိုပြုံးပြလာတယ်။

သို့သော် ဧကရာဇ်ဟာတော့ ကျောချမ်းသွားပြီး ဗိုက်ထဲတောင်ကလိကလိဖြစ်လာသလိုပဲ။

ဧကရီရဲ့အပြုံးက အရမ်းကိုနူးညံ့ညင်သာပြီး တကယ့်ကိုနူးနူးညံ့ညံ့အလှပဂေးလေးတစ်ယောက်လိုပဲ။
သို့ပေမယ့်လည်း အပြုံးရဲ့အဓိပ္ပါယ်ကိုတော့ ဧကရာဇ်ကသာ သိပေလိမ့်မည် -
"ကိုယ်ဘယ်လောက်ကြမ်းကြုတ်လဲ ဒီညစောင့်ကြည့်လိုက်"

[7]

ဧကရာဇ်တစ်ယောက် ဒီနေ့သိပ်ပျော်မနေဘူး။

သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဧကရီပဲမဟုတ်လား..၊ခုချက်ချင်းဧကရာဇ်က ဒူးထောက်တောင်းပန်တောင် သူ့ကိုပယ်ချလို့မရဘူး။

--ဧကရာဇ် ကူရှင်အအိလေးပေါ်မှာဒူးထောက်ရင်း အပုံလိုက်သောသ၀ဏ်လွှာတွေကို ကြည့်နေရတယ်.။
နှာခေါင်းတရှုံ့ရှုံ့နဲ့ သူအရမ်း၀မ်းနည်းနေပြီ။
(ဒူးထောက်တာက မထိုင်နိုင်လို့ပါနော်, ကိုယ်တို့ဧကရာဇ်လေး🤧)

ဘာလို့ခုထိနာနေရသေးတာလဲ?!

ဧကရာဇ်စိတ်တိုတိုနဲ့ သ၀ဏ်လွှာနောက်တစ်ခုကိုလှန်ဖွင့်လိုက်တယ်။
အဲ့နောက်တော့ ကြက်တိုက်ပွဲတစ်ခုကို ကြည့်နေရသလိုစိတ်၀င်တစား

? ? ? ဧကရီရဲ့ငယ်သူငယ်ချင်းသည် အောင်မြင်မှုတွေပြောင်ပြောင်မြောက်မြောက်ဆွတ်ခူးလာပြီး နန်းတော်ကိုပြန်လာတော့မည်တဲ့? ? ?

ဧကရာဇ်သူ့ခါးကမနာတော့သလို ခံစားရပြီး
ဒေါသထွက်လွန်းလို့ ဆွေ့ဆွေ့ခုန်နေတော့တယ်---

အဲ့နောက် သူ့ခါးကပိုတောင်နာသွားတယ်။

[8]

The emperor is always unhappy (ဘာသာပြန်)[Completed]Where stories live. Discover now