Chapter 7

8.1K 1.6K 101
                                    

[31]

ဧကရာဇ် ဒီနေ့ အရမ်းမပျော်မရွှင်ဖြစ်နေတယ်။

ဧကရီက အောင်ပွဲနဲ့အတူ ပြန်လာခဲ့ပေမယ့်လို့ပေါ့..

ပြီးတော့ မုန့်စားတော်ကဲနှစ်ယောက်လည်း ခေါ်လာခဲ့ပေမယ့်လို့ပေါ့!

ဒါမယ့်ဒီချိန်မှာ ဧကရာဇ်က အဲ့ဒီစား‌တော်ကဲတွေဘာတွေကိုဂရုစိုက်မနေပါဘူး။

အောင်ပွဲခံအခမ်းနားပွဲမှာတောင် ဧကရာဇ်ဟာပေါ်မလာခဲ့ ။
အခမ်းနားပွဲကိုဦးစီးကျင်းပတာကတော့ ၀န်ကြီးချုပ်‌ပေါ့ ။

တကယ်တော့ ဧကရီလည်းပေါ်မလာခဲ့ပါဘူး။

အခမ်းနားပွဲက လူတွေအားလုံးကလည်း အလိုလိုနားလည်ပြီးသားပါ၊
သူတို့ကလည်းစားရသောက်ရရင် အဆင်ပြေပြီပဲလေ။
နှလုံးသားရေးရာတွေက အနီးနားမှာမရှိမှ ပိုပြီးတောင့်တလာတတ်ကြတယ်မလား, သူတို့အားလုံးနားလည်ပါတယ်လေ။

အိပ်ဆောင်ထဲမှာတော့ ဧကရာဇ်က ဧကရီ့ကိုအကုန်ချွတ်ပစ်ပြီး တစ်ကိုယ်လုံးအစုန်အဆန်ကြည့်တယ်။
ပြီးတော့ ဒေါသတကြီး,
"ဒဏ်ရာမရစေရဘူးလို့မင်းပဲပြောခဲ့တယ်လေ,ဒါက ဘာလဲပြော ဒီမှာရော ဒီမှာရောပဲ ?!''

ဧကရီက ပြုံးနေပြီးပဲ သူ့ကိုရင်ခွင်ထဲဆွဲကာနမ်းဖို့လုပ်တယ်လေ။
ဧကရာဇ်ကတော့ တွန်းထိုးပြန်ထွက်လာပြီး
"စကားလမ်းကြောင်းမလွှဲနဲ့!"

"မလွှဲပါဘူး"
ဧကရီကလုပ်နေတာ ယုန်သူငယ်လေးအတိုင်း၊
လက်တွေကတော့ နဂါး၀တ်ရုံကို စဆွဲလှန်လာတာပဲ။
သူထရပ်တော့ ဧကရာဇ်ဟာ သူ့ရဲ့လှပပြီးသွယ်လျတဲ့ ကိုယ်နဲ့ ထုတ်ပြောလို့မသင့်တော်တဲ့တချို့ပြောင်းလဲ‌နေပြီဖြစ်တဲ့နေရာတွေကိုကြည့်တယ်။
"ကျွန်တော်မျိုး ဧကရာဇ်ကို လွမ်းနေခဲ့တာ"

"Mmm,mmmm" လူဆိုးကောင်!

"Si Si,Si Si"
ဧကရီက ဧကရာဇ်ရဲ့ဗိုက်သားဖွေးဖွေးလေးတွေကိုနမ်းသလို ချစ်စရာခြေချောင်းတွေကိုလည်း ကိုက်ပါတယ်။
ဧကရာဇ်ရဲ့ မျက်နှာဖွေးဖွေးကမက်မွန်ပွင့်လေးတွေလိုရဲတက်လာတာကြည့်ရင်း ရုတ်တရက်ကောက်ကျစ်စွာပြုံးလာပြီး,
"မင်း အခမ်းနားပွဲက ခရင်မ်ကိတ်တစ်ပိုင်းခိုးခဲ့သေးတယ်မလား?"

The emperor is always unhappy (ဘာသာပြန်)[Completed]Where stories live. Discover now