Chapter 6

8.1K 1.6K 127
                                    

[26]

ဧကရာဇ် ဒီနေ့အရမ်းမပျော်မရွှင်ဖြစ်နေတယ်။

ဧကရီ့ဆီ သူ့စာကို ယူသွားပေးမယ့် အတော်ဆုံးနဲ့ အယုံကြည်အားကိုးရဆုံး အစောင့်တပ်သားကို ရွေးချယ်လိုက်တယ်။

ဧကရာဇ်ဟာ စာရှစ်မျက်နှာလောက်ကို ကြိုးကြိုးစားစားရေးရှာပါတယ်၊
သ၀ဏ်လွှာတွေစစ်တာထက်ပင် သူက ပိုပြီးလေးလေးနက်နက်၊
၀န်ကြီးချုပ်က တစ်ညလုံး သူ့ကိုသ၀ဏ်လွှာတွေ ကြည့်ဖို့အတွက် တွန်းအားပေးနေလိုက်တာများ၊
သူ့မယ်တော်ရဲ့ကြောင်ကလည်း သူ့နဂါး၀တ်ရုံကိုလာလာကုတ်သေးတယ်။

အစောင့်တပ်သားက တကယ်ကိုယုံကြည်ကိုးစားရပါတယ်။
နောက်သုံးရက်ကြာတော့ ဧကရီ့ဆီကစာလွှာနဲ့အထုပ်ကလေးတစ်ထုပ် ဧကရာဇ်စားပွဲပေါ်ရောက်ချလာတယ်။

ဧကရာဇ် အထုပ်ကလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖွင့်ကြည့်မိတော့,
အဲ့ဒါက အထုပ်ကြီးကြီးနဲ့......သွားတိုက်တဲ့ ဆားထုပ်ကြီး ? ! !

စာကို ဖွင့်ကြည့်ပြန်တော့လည်း ရိုးရိုးရှင်းရှင်းစာလုံးသုံးလုံး,
"အချိုတွေမစားနဲ့"
(ခုလိုဆိုရင်တော့ ခြောက်လုံးပေါ့ ဟီး)

ဧကရာဇ် : ? ? ! !

အဲ့ဒီယုံကြည်ကိုးစားရတဲ့တပ်သားဘယ်‌ရောက်သွားလဲ?

သူဘာလို့ ကိုယ့်တော့်ကိုသစ္စာဖောက်ရတာလဲ? !

[27]

ဧကရာဇ် ဒီနေ့ အရမ်းမပျော်မရွှင်ဖြစ်နေတယ်။

ဒါကဘာကြောင့်လဲဆို အစောင့်တပ်သားရဲ့လျှို့ဝှက်စာလွှာက နောက်ဆုံးတော့ရောက်လာပြီ။

တပ်သားရဲ့စာကသိပ်တော့မရှည်ပါဘူး။
စာတိုလေးနှစ်ကြောင်းပဲ,သို့ပေမယ့် ဧကရာဇ်ကိုတော့ အထိတ်တလန့်ဖြစ်သွားစေတယ်။

ပထမတစ်ခု, "ဧကရီက ညာဘက်လက်မှာအသေးစားဒဏ်ရာတစ်ခုရထားပါတယ်,မကြာခင်သက်သာသွားမှာပါ"

--ဟွန့် ! အရင်ရက်တွေက ကိုယ်တော့်ဆီသူစာမ‌ရေးတာ မအံ့သြတော့ပါဘူး!

ပြီးတော့ သူပဲပြောသွားသေးတယ်လေ ဒဏ်ရာမရစေရပါဘူးလို့!
ဧကရာဇ် စိတ်ဆိုးမာန်ဆိုးနဲ့ ဒုတိယစာကိုကြည့်လိုက်တယ်။

The emperor is always unhappy (ဘာသာပြန်)[Completed]Where stories live. Discover now