Chapter 4

8.4K 1.7K 59
                                    

[16]

ဧကရာဇ် ဒီနေ့သိပ်ပျော်မနေဘူး။

ရီဝေဝေမျက်၀န်းလေးတွေ တဖျတ်ဖျတ်နဲ့ အရက်မူးအိပ်ချင်နေတဲ့ ဧကရီကိုတွေ့လိုက်ရတော့ ဧကရာဇ်မျက်နှာက မှောင်မဲသွားတယ်။

မင်းအိပ်ချင်နေရင် အိပ်ချင်နေတယ်ပေါ့!
ဒီမှာလာပြီးမက်မွန်ပွင့်မျက်၀န်းလေးတွေကို ပုတ်ခတ်ပုတ်ခတ်လာလုပ်ပြနေသေးတယ်!
ဧကရာဇ်က လက်တစ်ဖက်ထုတ်ပြီးသူ့ကိုထိန်းပေးလိုက်တယ်။

အကျိုးဆက်ကတော့ ဧကရီက ပြုံးရင်းမော့ကြည့်လာပြီး ဧကရာဇ်ရဲ့လက်ဖဝါးဖြူဖြူလေးကိုလျက်လိုက်တာပါပဲ--

ဧကရာဇ်ကြက်သေသေသွားတယ်။

မှင်သေသေနဲ့ဧကရာဇ်ဟာ ကျွဲမြီးတိုစွာနဲ့ပဲ ဧကရီကိုဆွဲထူတယ်ာ
အစောင့်တွေကိုလည်း အဝေးဝေးသွားခိုင်းထားပြီ၊
ဒီနားကို ဘယ်သူမှ လာခွင့်မပြုပါဘူး!

ဒါမျိုးက ခင်ပွန်းဖြစ်သူအတွက် ခွန်အားကို ထုတ်ကြွားပြဖို့ အချိန်ကောင်းပဲမလား...။
ဒါပေါ့! ဒါမျိုးအခွင့်ရေးကိုသူကထုတ်ပြရမှာပေါ့!

အဲ့နောက်တော့ ဧကရာဇ်တစ်ယောက် သိုင်းကွက်နင်းနေရတော့တာပါပဲ။

.....ဧကရီက တအားလေးတာကိုး ။
ဒီကယောကျ်ားအတွက် ခွန်အားကိုထုတ်ပြဖို့က အရမ်းကိုခက်ခဲလွန်းပါတယ်။

မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ ဝေးလံခေါင်ဖျားလှသောနန်းတော်ဆီကိုမျှော်မှန်းကြည့်ပြီး နောက်ဆုံးတော့ လမ်းအဆုံးမှာရှိတဲ့ မြို့စားကျန်းကောရဲ့အိမ်ယာကိုပဲ သွားဖို့ ဧကရာဇ် ဆုံးဖြတ်လိုက်တော့တယ်။

အိမ်း..ငါကိုယ်တော်ဟာ တကယ့်ကိုဉာဏ်ပညာနက်နဲတဲ့ခင်ပွန်းကောင်းတစ်ယောက်ပါပေပဲလား!

ဧကရီကို သူ့အရင်အပျိုစင်မိသားစုဆီပြန်သယ်လာပြီးတဲ့နောက်တော့ ဧကရာဇ်ဟာ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ဟောဟဲလိုက်နေ‌ချေပြီ။ 

[17]

ဧကရာဇ် ဒီနေ့ သိပ်ပျော်မနေပါဘူးနော်။

အစက သူနည်းနည်းလေးပျော်နေပေမယ့်လို့ပေါ့..။

သူဧကရီကို မိသားစုဆီခေါ်သွားပြီး ဧကရီနဲ့အတူအရင်အိမ်ယာဟောင်းမှာနေပေးခဲ့တယ်။ အဲ့ဒါ အရင်ကရှယ့်ယွင်ဧကရီမဖြစ်ခင်က နေခဲ့တဲ့နေရာပေါ့ !
အဲ့ဒါက အမျိူးသမီး(အပျိုစင်)အခန်းလိုမျိုးဖြစ်နေမှာပဲ‌ပေါ့နော် !

The emperor is always unhappy (ဘာသာပြန်)[Completed]Where stories live. Discover now