ch.4

1.1K 63 1
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.4

သင်းရနံ့ ဒီနေ့ကျောင်းကို‌ခပ်စောစောလာခဲ့တယ်
သူမဈေးကိုမဝင်တော့ပဲ ကျောင်းကိုတန်းလာခဲ့တာ

ဘာကြောင့်လဲ

အခုရက်ပိုင်း သူမသိပ်စိတ်ရှုပ်နေရလို့လေ အရမ်းဆိုးတဲ့ big boss ကြီးက ကိုယ့်နောက်ကိုအမြှီးနှံ့ပြီးလိုက်နေတာက ဂုဏ်ယူစရာကောင်းတာမှမဟုတ်ပဲ

ငြိမ်းချမ်းနေတဲ့သူမရဲ့ဘဝဟာ ပျိုမဒီတွေရဲ့ အဓိကပစ်မှတ်ဖြစ်လာသလို မေဂျာတခုလုံးကလဲသတိထားမိလာပြီ

အိုက်ယားးးးး

ငြိမ်းငြိမ်းချမ်းချမ်းနဲ့အလုပ်များတဲ့နေ့ရက်တွေကို ဒီအတိုင်းဖြတ်ကျော်သွားချင်ရုံလေးပါ

အဲ့ကောင်က ဘာအညိုးရှိလို့အခုလိုလိုက်နှောင့်ယှက်နေရတာလဲ

"ဒုန်းးးးးး "
"အားးးးးးးးး"

ဒေါသထွက်ထွက်နဲ့တွေးပြီးလာလိုက်တာ ကိုယ့်ရှေ့တည့်တည့်ရောက်နေတဲ့ဆိုင်ကယ်ကိုတောင်မတွေ့ပဲ ဝင်တိုက်မိတဲ့အထိ

"သူတောင်းစား ကောင်းကျိုးကိုမပေးဘူး"

လူမမြင်ရပဲ တွေးပဲတွေးမိတာတောင် အခုလိုဖြစ်တယ်

လူသာမြင်ရရင် ငါကတော့ ကားများအတိုက်ခံရမလားမသိ

သူမနာသွားတဲ့ဒူးကိုအသာပွတ်ကာ ဆိုင်ကယ်ပိုင်ရှင်ကိုမော့ကြည့်လိုက်တယ်

တချက်ကြည့်လိုက်ရုံနဲ့ တရုတ်လူမျိုးပဲဆိုတာသိနိုင်လောက်အောင် ရုပ်ရည်ကထူးခြားလွန်းနေတယ်

တရုတ်လူမျိုး?

အခုတလော အဲ့လူမျိုးတွေနဲ့ကံစပ်နေတယ်ထင်ပ

"နာသွားလားမိန်းကလေး sorry နော် မင်းလာတာကို ကိုယ်မမြင်လိုက်လို့ပါ "

ဟွန်း ဟိုတောက်တဲ့ထက်စာရင် ဒီလူကတော့ နဲနဲယဉ်ကျေးမူ့လေးဘာလေးရှိသား

ဒါပေမဲ့ သူမကအရင်ဝင်တိုက်တာဆိုတော့

"အာ ရပါတယ်  ရှင့်ဆိုင်ကယ်ကို မမြင်လို့ ကျွန်မဝင်တိုက်လိုက်တာပါ တောင်းပန်မယ်ဆို ကျွန်မကတောင်းပန်ရမှာပါ "

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Donde viven las historias. Descúbrelo ahora