chapter.10.zgi

339 10 0
                                    


Chapter.10.

အခြားအိမ်တွေနဲ့ခြားနားစွာ သင်းရနံ့မိုးတစ်ယောက်ကတော့ အိမ်အပြန်လမ်းမှာဘုရားတပြီးပြန်လာခဲ့ရတယ်

"ဟဲ့ ရနံ့ ညည်းလာစမ်း "

"ဟူးးးးး "

သူမရဲ့တင်းထားတဲ့စိတ်တို့ကို ကြောက်လန့်တကြား ဖြေချလိုက်မိတယ်

လာပါပြီ သူမရဲ့အိမ်မက်ဆိုးကြီး

"ငါပြောပါဦးမယ် ညည်းကို မုန့်ဖိုးပေးထားတာမလောက်လို့ ညည်းကအဲ့ဆိုင်သွားနေတာလား ဒါမှမဟုတ် ညည်းလင်ရှာနေတာလား ညည်းဆောက်ချိုးကိုငါမသိဘူးမထင်နဲ့နော် လာ ထိုင်စမ်း ပြောစမ်းပါဦး အဲ့ဆိုင်က ဘယ်လောက်ပေးလို့ ညည်း တမ်းတမ်းစွဲဖြစ်နေရတာလဲ "

စပါပြီ ပရိတ်တွေပဌန်း‌တွေထက်ပိုကြာတဲ့ တဖက်သတ်မိန့်ခွန်းတွေလာပါပြီ

သင်းရနံ့ ပင်ပန်းနေတဲ့ကိုယ်ကိုသယ်ကာ ဧည့်ခန်းမှာကျုံကျုံလေးထိုင်ရင်း သူမရှေ့က အတိုင်အဖောက်ညီညီဆူဆဲနေကြတဲ့ အမေရယ် အဘွားရယ် ဦးလေးရယ် သုံးယောက်ကိုမျက်နှာငယ်လေးနဲ့ကြည့်ပြီးဘာမှလဲပြန်မပြောရဲ

သူတို့ပြောနေတာ ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ

ဘာမှပြန်မပြောမှ ပါးစပ်ပိတ်ထားမှ

မဟုတ်တာကိုမဟုတ်ဘူးလို့ပြောရင်လဲ ပြန်ခံပြောတယ် ယဉ်ကျေးမူ့မရှိဘူး ကလေးကိုဘယ်လိုဆုံးမထားတာလဲ လင်စောစောရမှာ အရက်သမားနဲ့ရပြီးအရိုက်ခံရမှာမှတ်မှာ

အဲ့သလိုစကားတွေက တနှစ်လောက်ကြာတယ်ထင်ရအောင် နား‌ထောင်ရတော့တာ

မုန့်ဖိုးကိုလဲ လောက်အောင်မပေး

‌ကျောင်းကငွေကောက်လို့ပိုက်ဆံတောင်းရင်လဲမယုံ

စုထားတဲ့ပိုက်ဆံလေးနဲ့အင်္ကျီအသစ်ဝယ်ဝတ်တာမြင်ရင်လဲ ကျောင်းကမတောင်းပဲလိမ်တောင်းပြီးဝယ်ဝတ်တာလို့ပြောဦးမှာ

ဒီနေ့လဲ နဲနဲ‌လေးနောက်ကျတာကို ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်နေကြပြန်ပြီ

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Where stories live. Discover now