chapter.49.uni

1.2K 55 4
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.49.

"လူနာက ဓာတ်ရောင်ခြည်နဲ့ကုသမူ့ခံယူထားတဲ့နောက်ဆက်တွဲ‌ဆိုးက‌ျိုးတွေခံစားနေရတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်လိုက်ရလို့ ဒီလိုဆိုးဆိုးဝါးဝါးဖြစ်သွားတာပါ စိုးရိမ်စရာတော့မရှိပေမဲ့ အစားအသောက်ပျက်တာကတော့ နဲနဲအဆင်မပြေဘူး ဒါကြောင့် အအန်ပျောက်ဆေးရယ် သွေးအားတိုးဆေးရယ် အားဆေးရယ် ထိုးပေးလိုက်တယ် ဒီနေ့ည‌ေဆးကုန်‌ေအာင်သွင်းပြီးရင် မနက်ဖြန် ဆေးရုံကဆင်းလို့ရပါပြီ"

"ကျေးဇူးတင်ပါတယ်ဆရာ "

"နေသာသလိုနေပါ စိတ်အရမ်းမဖိစီးနဲ့ "

သူမအသာခေါင်းညိတ်ပြလိုက်တယ်

ဆရာဝန်နဲ့နာ့စ်တွေထွက်သွားတော့မှ သူမရဲ့လက်ကလေးကို ဗိုက်ချပ်ချပ်လေးပေါ်တင်လိုက်တယ်

ဒီထဲမှာအသက်တစ်ချောင်းရှိနေတာပေါ့ အရမ်းထူးဆန်းတာပဲ

"ကိုယ်တော့ကလေးအဖေဖြစ်ပြီ ဟားဟား ပျော်လိုက်တာ အမေတို့နဲ့ယောက္ခမတို့ကို‌ဖုန်းခေါ်ပြီးကြွားရမယ် "

သူမရဲ့မျက်ဝန်းတွေက ဖုန်းတရစပ်ခေါ်ပြီးကြွားနေတဲ့ သူ့အပေါ်မှာပဲရှိနေတယ်

သူမမှားတော့မလို့

သူ့ကိုထားရစ်ခဲ့မိတော့မလို့

တော်သေးတာက အဖြစ်အပျက်တေွမတိုင်မီ သူမကိုမိသွားလို့တော်သေးတယ်

"ဟားဟား ကျွန်တော် အဖေဖြစ်ပြီဆိုတာ တချို့faတွေသိအောင်ကြွားတာ ဘာဖြစ်လဲ မကျေနပ်ရင် တာ့ကော အာ့ကောတို့လဲ ယူလေ"

ခပ်ကြွားကြွားကြီးနဲ့ပြုံးပြီး‌ေပြာနေတဲ့သူက သူမမျက်ဝန်းထဲမှာတော့ စဖြစ်တော့မယ်လို့တောင်မထင်ရဘူး

အရမ်းကိုငယ်ရွယ်ပြီး သွက်လက်နေလိုက်တာ

"ဟားဟားဟား မိုးကိုပဲကျေးဇူးတင်ရမှာ ကျွန်တော့်ရဲ့သွေးသားလွယ်ထားတဲ့သူမကို ကောင်းကောင်းဆက်ဆံရမယ်နော် မကြာခင်အိမ်ပြန်လာမယ် အမ်း ကျွန်တော်သူမကိုအိမ်ပြန်ခေါ်လာတော့မလို့ အင်း"

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Where stories live. Discover now