chapter.19.uni

742 49 2
                                    


ဆားမပါတဲ့ဟင်း အသိအမှတ်ပြခြင်းမခံရတဲ့အချစ်

Chapter.19.

သူမ မည်သို့ပြန်ဖြေရမည်နည်း

ချက်ချင်းလက်မခံလိုသေးသော်လည်း နှလုံးသားကမငြင်းဆန်လိုခဲ့

အသိစိတ်ကမဖြစ်သင့်ဘူးလို့ပြောနေပေမဲ့ ထုံကျင်နေတဲ့မသိစိတ်က ဇွတ်တိုးဖို့ကြိုးစားနေလေတယ်

သူ့မျက်နှာချော‌ချောကို ပထမဆုံးအနေနဲ့အလေးအနက်ထားပြီး စိုက်ကြည့်လိုက်တယ်

"ငါစဉ်းစားပေးမယ် "

"ကိုယ်နားလည်ပါတယ် မင်းကိုထပ်ပြီးငြင်းလိုက်....ဟမ် ...."

ပြောနေရင်းလက်စ ရပ်တန့်သွားပြီး သူမကိုမယုံသလိုစိုက်ကြည့်လာတဲ့သူက သူမရဲ့အပြုံးပါးပါးလေးကိုမြင်မှ လက်တွေ့လောကထဲပြန်ရောက်လာပုံရတယ်

"ရေးးးးးးးးးးး ဝူးးးးဟားးးးး "

စဉ်းစားပေးမယ်ဆိုတဲ့စကားစုကို ချစ်တယ်လို့အဖြေပြန်ပေးလိုက်တယ်များထင်နေလားမသိ အော်ဟစ်ခုန်ပေါက်ပစ်လိုက်တာ သူမတောင်လန့်သွားပြီမျက်လုံးပြူးရတယ်

တချိန်ထဲမှာပဲ သူမနှလုံးသားကိုလဲ ရေနွေးစီးကြောင်းလေးတခုကဖြတ်သန်းသွားခဲ့ပြီး ကျေနပ်သွားကာ နွေးထွေးလာစေခဲ့တယ်

သူမ မတတ်နိုင်စွာ သက်ပြင်းခပ်လေးလေးတချက်ကိုလဲ ချလိုက်မိပါရဲ့

ကြည့်ရတာ သူမရဲ့နှလုံးသားက သူမဦးနှောက်ရဲ့တွက်ချက်နိုင်စွမး်ကိုအနိုင်ရသွားတဲ့ပုံ‌ပေါ်လေရဲ့

သူမနားကိုတိုးလာလိုက် နောက်ပြန်ဆုတ်သွားလိုက် ထိန်းမနိုင်သိမ်းမရပြုံးနေလိုက် ခုန်ပေါက်နေလိုက်နဲ့မျောက်ကလေးတစ်ကောင်ကိုကြည့်ကာ ပထမဆုံးအကြိမ် လွပ်လပ်မူ့ကိုခံစားလိုက်ရတယ်

ဟုတ်တယ်

အဲ့ဒါလူငယ်ဘဝပဲ

ရင်ခုန်စိတ်လှုပ်ရှားပြီး တစ်စုံတစ်ယောက်နဲ့အတူ ကြည်နူးကာ ရှက်ပြုံးလေးတွေနဲ့လှပနေတာမျိုးပေါ့

အဲ့ဒါမှ လူငယ်ဘဝပဲ

ထိုတခန သူမရဲ့ပခုံးပေါ်ရှိထမ်းထားရတြဲဝန်ထုန်ဝန်ပိုးများပျောက်ကွယ်သွားပြီး ပေါ့ပါးနေခဲ့တယ်

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Where stories live. Discover now