chapter.9.uni

914 54 1
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.9.

ဟဲဟိုးလေဆိပ်မှာ သွက်လက်ချက်ချာပုံရတဲ့လူငယ်လေးတစ်ယောက် လွယ်အိတ်ကိုပခုံးပေါ်တစောင်းလွယ်ထားရင်း ခရီးဆောင်အိတ်ကိုလက်တဖက်နဲ့ဆွဲလာတယ်

လူတွေကြားထဲ လည်တဆန့်ဆန့်မျှော်နေတဲ့ပုံရိပ်လေးကိုရှာလိုက်ရင်း လျောက်လာခဲ့တယ်

တွေ့ပါပြီ

သွယ်လျတဲ့ကိုယ်နဲ့ရွေဝါရောင်ဆံပင်ပိုင်ရှင်လေးကို

"ဟေးးးး ယုယ"

ဝမ်းပန်းတသာအော်လိုက်တော့ သူမလေးကလဲပြန်ကြည့်လို့တယ်

သူမအနီး သူအလျှင်အမြန်လျောက်သွားလိုက်ကာ ပခုံးကိုအသာပုတ်လိုက်တယ်

အဲ့ဒီအခါမှ သူအနီးကပ်မြင်လိုက်ရတာ

အနဲငယ်ဝင်းဝါတဲ့အသားအရေနဲ့ ဗာဒံစေ့လိုမျက်ဝန်းအိမ်တွေကလှပလွန်းတယ်

ကုလားမင်းသမီးလေးလို ထူထဲတဲ့မျက်ခုံးကွေးကွေးလေးနဲ့ ရွေဝါရောင်ဆံနွယ်တွေက လိုက်ဖက်လွန်းပြီး အနဲငယ်ထူတဲ့ဟန်တူပြီးပွယောင်းယောင်းဖြစ်နေသးတဲ့ဆံနွယ်တွေကိုဖြန့်ထားတာက ကိုယ်သေးသေးလေးကိုပျောက်သွားစေတယ်

"ဝါးးးး ငါ့ညီမကအရမ်းလှတာပဲ အထူးသဖြင့် ဒီဆံပင်တွေကအရမ်းထူတော့ ကိုယ်လုံးသေးသေးလေးတောင်ပျောက်တော့မယ် ဘာလို့ဖြန့်ချထားတာလဲ "

"အာ ကိုကြီးကလဲ ဒါက စတိုင်လို့ခေါ်တယ် သိလဲမသိပဲနဲ့"

စကားပြောလိုက်တဲ့အချိန် သူမလေးရဲ့မျက်ဝန်းညိုတို့ကလှလှပပတောက်ပသွားတတ်တာကိုသူသတိထားမိလိုက်တယ်

အာ ..... ငါ့ညီမက ငါတွဲခဲ့ဖူးတဲ့မိန်းကလေးတွေထက်ကိုပိုချောပြီးပိုလှတယ်

"လာ အိမ်ကိုသွားကြစို့"

"ဘာသယ်ကူရဦးမလဲ "

"ရပါပြီဗျ"

"ဒါဆိုလဲပြီးရော ဘယ်မှာတည်းမှာလဲ"

"အဘွားအိမ်မှာပဲပေါ့ "

"ပြောထားပြီးပြီလား"

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Where stories live. Discover now