Part 2

38.3K 632 4
                                    

Zawgyi

"တီလေး...."

မိုးပြာရောင်ပြောင်ဝမ်းဆက်ကို ဝတ်ဆင်ထားသော တီလေး၏ ကိုယ်လုံးကိုယ်ပေါက်သည် မြန်မာဝတ်စုံကြောင့် အချိုးစားကျန၍ လူအများအလယ်တွင် ပေါ်လွင်နေ၏ ။ ဒီဒီကိုလှည့်ကြည့်လာသော မျက်လုံးတို့တွင် အံ့သြမှုများ ဖြတ်သန်းသွားသည် ။

တီလေးတစ်လှမ်းချင်းလျှောက်လာသော ခြေလှမ်းများတွင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသည့် အမျိုးသမီးတစ်ယောက်၏ အားမာန်များပါဝင်နေသည် ။ Zee ဆိုတဲ့ Brand တစ်ခုကို မြန်မာနိုင်ငံတွင် မြင်အောင်ပြီး လူကြိုက်များသော အဝတ်အစား Brand တစ်ခု ဖြစ်လာအောင် ဖန်တီးနိုင်ခဲ့သည် အမျိုးသမီးတစ်ဦးမို့ အမြဲစမတ်ကျလှပနေ၏ ။

"ဒီဒီ ... တီလေးကို ပြောတော့ အိမ်ပြန်တော့မှာဆို "

ဆူနေခြင်းမဟုတ်ဘဲ အကြောင်းပြချက်ကို လိုချင်နေသော တီလေးအသံသည် အနည်းငယ်မာနေ၏ ။ သင်တန်းကနေ အိမ်ပြန်ပြီလို့ ဖုန်းဆက်ခဲ့သော ဒီဒီက စိန်ဂေဟာရောက်နေ၍ စိတ်အလိုမကျဖြစ်နေပုံမှာ ဒီဒီအတွက် ပိုပျော်နေမိသည် ။ တီလေးက ဒီဒီအတွက်ဆို အလုပ်ကိုပစ်ပြီး အရေးပေးနေသည်မဟုတ်လား ။ တီလေးနောက် မလှမ်းမကမ်းမှာ စောင့်နေသော လူတစ်ချို့ကို မေ့သွားပုံလည်း ပေါ်သည် ။

"ဒီဒီ ...တီလေးမေးတဲ့အထဲ ပြုံးစရာပါလို့လား !"

"ဟီး...မပါပါဘူး ၊ ဒီဒီက ပြန်မလို့ဘဲ သူငယ်ချင်းတွေက မုန့်စားမယ်ခေါ်လာလို့ ရောက်လာတာပါ"

ဒီဒီ့ဘေးနားမှာ သူငယ်ချင်း ၂ယောက်ကို တရားခံလုပ်ပြီး ဖြောင့်ချက်ပေးမိသည် ။ ဘာဖြစ်ဖြစ် ဒီစက်ကွင်းက ဒီဒီလွတ်ဖို့ လိုတယ်မို့လား ။

"ဒါဆို တီလေးကို ဘာလို့မပြောလဲ "

"ခဏပဲမို့ မပြောတာပါ"

"ခဏပဲဖြစ်ဖြစ် ဘယ်သွားသွားပြောရမယ်လို့ တီလေးမမှာထားဘူးလား"

"ဟို...တီလေးအလုပ်ရှုပ်နေမှာ စိုးလို့ပါ"

"အိမ်ရောက်မှ ဆက်ပြောမယ် ဒီဒီ ၊ စားပြီးရင် ချက်ချင်း ပြန် "

"ဟုတ်"

တင်းမာနေသော မျက်နှာလှလှက တစ်ချက်ပင် ပြုံးမပြဘဲ ဒီဒီ့ကို ကျောခိုင်းသွားတော့သည် ။ ဒီဒီကလည်း ဒီဒီပါပဲ ။ တီလေးက ဘယ်သွားသွား သူ့အသိပေးမှ ကြိုက်သည်ကို မေ့မေ့သွား၏။

ထိရှလွယ်သော/ထိရှလွယ်သော🔞🔞Where stories live. Discover now