Part 9

35.3K 504 31
                                    

Zawgyi

ရန်ကုန်မြို့ရဲ့ ညအလှကို မှန်ကာရံထားသော အပေါ်စီးကနေ ဘယ်ဘက်လက်သွယ်ကြွယ်မှာ ဝတ်ဆင်ထားသည့် လက်စွပ်လေးပွတ်လျက် ကြည့်နေမိသည် ။ ဟိုတယ်ရဲ့ အပေါ်စီးမှ ရှူစားရသည့် ညအလှမှာ ဒီညလေးလို အလွန်လှပနေသည် ။ ဒီနေ့ဟာ သိပ်လှပြီးအဓိပ္ပါယ်ရှိတဲ့ ညချမ်းလေးပေါ့ ။ ဒီဒီနှင့်တီလေးတို့ရဲ့ မင်္ဂလာဦးညပင် ။

ဒီဒီရဲ့ မချစ်ဘူးဆိုတဲ့ စွက်စွဲချက်ကို အသိအသိုင်းအဝိုင်းတွေ ဖိတ်ကာ မနက်ပိုင်းမင်္ဂလာဆွမ်းကျွေးပြုလုပ်ပြီး ညဘက် ဟိုတယ်တွင် ပါတီကျင်းပ၍ ချစ်ကြောင်းသက်သေပြခဲ့သော တီလေး ။ သိပ်လှတဲ့ ညပါတီလေးဟာ ရင်းနှီးသူတစ်ချို့ရဲ့ ကောင်းချီပေးမှုကြောင့် ပြီးပြည့်စုံခဲ့သည် ။ ပါတီသိမ်းသည်နှင့် ဟိုတယ်တွင်သာ အသီးသီးအနားယူကြသည် ။

"ချစ်တယ် ဒီဒီလေး..."

နောက်မှ ခါးဆီသို့ တင်းကြပ်စွာ ဖက်တွယ်ရင်း ဒီဒီပခုံးပေါ် မေးတင်၍ ပြောလာသော တီလေးချစ်စကားက ရင်ထဲသို့ သိမ့်ခနဲဝင်ရောက်လာသည် ။ နှင်းဆီနံ့သင်းနေသော ရေချိုးဆပ်ပြာနံ့က ဒီဒီ့နှာခေါင်းအတွင်းဆီ ညင်သာစွာ တိုးဝင်လာ၏။ ဒီဒီကျောပြင်တစ်ခုလုံးကို နွေးထွေးသွားအောင် တီလေးရင်ခွင်က လုံခြုံမှုပေးသည် ။

"ဒီဒီ့ကို တရားဝင်ချစ်ပေးလို့ ကျေးဇူးပါ တီလေး"

တူမနှင့်အဒေါ်ဆက်ဆံရေးမဟုတ်ကြောင်း ပွင့်လင်းစွာ ချပြလိုက်ရသည့်အတွက် တီလေးမှာ အခက်အခဲတွေရှိနိုင်သည်လေ ။ ဒီဒီကတော့ ကျောင်းသူမို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းကလို ဘာထိခိုက်နစ်နာမှုမှ မရှိနိုင် ။

"တီလေး မိန်းမလေးဖြစ်ပေးလို့ တီလေးက ပိုကျေးဇူးတင်ပါတယ် ပြွတ်..."

နွေးခနဲဖြစ်သွားသော ပါးနှင့်အတူ ဗိုက်သားတဝိုက်ပြေးလွှားလာသည့် တီလေးလက်နှစ်ဖက်က ခံစားဖူးနေကြအထိအတွေ့များနှင့်မတူစွာ ပို၍ ထူးခြားနေသလိုပင် ။ လည်တိုင်တဝိုက်နမ်းလာသော နှုတ်ခမ်းသားရဲ့ နူးညံ့မှုက ရင်တွင်းကို တသိမ့်သိမ့်လှုပ်ခပ်စေသည် ။ သို့ပေမယ့် ဒီနေ့တီလေးကို ဒီဒီအရင် ပြုစုချင်သည် ။

You've reached the end of published parts.

⏰ Last updated: May 31, 2021 ⏰

Add this story to your Library to get notified about new parts!

ထိရှလွယ်သော/ထိရှလွယ်သော🔞🔞Where stories live. Discover now