Part 3

35.9K 544 9
                                    

Zawgyi

"တီလေး !! "

သူ့နာမည်အား ရွှင်မြူးနေသော အသံစာစာလေးဖြင့် လှမ်းခေါ်ကာ လက်ပြပြီး သူ့ဆီ ဦးတည်နေသည့် ဒီဒီ ။ သင်တန်းမှ ဒီဒီနှင့်ရွယ်တူ ကလေးတွေကြားထဲ သူ့ကလေးလေးဒီဒီက ပို၍ ထင်ပေါ်နေသည် ။ ဒူးပေါ်မှ စကပ်ပန်းရောင်ကားကားလေးကို ပန်းရောင်ကိုယ်ကျပ်ခါးတို လက်ကဇလေးဖြင့် တွဲဝတ်ထားသော ဒီဒီသည် ဆံပင်ဂုတ်ဝဲနှင့် လိုက်ဖက်ညီစွာ အရုပ်မလေးလို ဖြစ်နေ၏။

"တီလေး လာကြိုတာလား ၊ လမ်းကြုံဝင်လာတာလား"

သူငယ်ချင်းနှစ်ယောက်ခြံရံ၍ အနားရောက်သည်နှင့် ဝမ်းသာအားရမေးနေသည့် ဒီဒီအပြုံးမျက်နှာလေးသည် အလွန်ချစ်စရာကောင်း၏ ။

"တီလေး အလုပ်နေ့တစ်ဝက်နားပြီး လာကြိုတာ "

"ဟီး ပျော်လိုက်တာ ၊ သွားမယ် သွားမယ် တီလေး"

"ဒီဒီ့သူငယ်ချင်းတွေကိုရော"

"သူတို့ဘာသာပြန်လိမ့်မယ် ၊ ဖြစ်တယ်မို့လား ထားနဲ့ နိုးနိုး"

သူ့လက်မောင်းကို ချိတ်၍ သူငယ်ချင်းတွေကို မဖြစ်လည်းဖြစ်အောင်လုပ်အကြည့်ဖြင့် ကြည့်ကာ ပြောနေသော ဒီဒီကြောင့် သူစိတ်လိုလက်ရပြုံးမိသည် ။

"ဖြစ်တယ်ဟေ့ ဖြစ်တယ် ၊ လာ လာ ထား ကြာကြာနေရင် ငါတို့ကို သွားဆိုပြီး နှင်ထုတ်တော့မယ်"

"ကြွ ကြွ"

ဒီဒီသူငယ်ချင်း မြတ်နိုးက ထားသက်လွင် လက်အား ဆွဲကာ ဆောင့်အောင့်၍ ထွက်သွားလေသည် ။ ဒီဒီကလည်း မလျော့သော မျက်နှာထားလေးဖြင့် ပြန်ပတ်ပြောသေး၏ ။

"တီလေး"

"ဟင်"

"ကြည့်လို့ပြီးဦးမှာလား"

"ဟားး ဒီဒီရယ် ၊ တီလေးက ဒီဒီတို့ သူငယ်ချင်းတွေ အပြုအမူကို သဘောကျလို့ပါ"

"ပြီးရော ၊ အခုအိမ်ပြန်မှာလား ဟင်"

"အင်း ၊ အိမ်ပြန်မှ ဖြစ်မယ် ဒီဒီ"

"ဘာ ဘာဖြစ်လို့လဲ တီလေး"

Lover seat ဘက် ကားတံခါး ဖွင့်ရင်း သူစကားဆိုတော့ အံ့သြထိတ်လန့်စွာ မေးလာသော ဒီဒီကိုတံခါးပြန်ပေးပြီး သူ Driver seat ဝင်ထိုင်လိုက်သည်အထိ စိုးရိမ်မှုတွေဖြင့် အဖြေစကားအား စောင့်ဆိုင်းနေသည့် ဒီဒီကြောင့် သူပြုံးမိသည် ။

ထိရှလွယ်သော/ထိရှလွယ်သော🔞🔞Where stories live. Discover now