Part 6

27.6K 426 1
                                    

Zawgyi

ဒီဒီအတွက် တီလေးဆီ သွားနေတယ်ဆိုတဲ့ စိတ်ကြောင့် လန်းဆန်းတက်ကြွနေမိသည် ။ တက္ကသိုလ်တွေပိတ်ချိန်မှာ သင်တန်းအစုံတက်နေ၍ မနက်ကိုးနာရီမှစပြီး နေ့လယ် သုံးနာရီထိပင် ဒီဒီမအား ။ အများအားဖြင့် သင်တန်းကအပြန် အိမ်သာတန်းပြန်တက်သည် ။ အခုလို တစ်ခါတလေမှာသာ တီလေးကုမ္မဏီကို လိုက်သွားဖြစ်၏ ။

သင်တန်းတက်သည်မှာလည်း နိုးနိုးနှင့်ဒီဒီသာ တက်ဖြစ်တော့၏။ ထားက တီလေးရဲ့အတွင်းရေးမှူးအကူသဘော ဝင်လုပ်နေသည်မှာ တစ်လပင်ရှိတော့မည် ။ ဒီဒီကတော့ အလုပ်မလုပ်ချင်သေးပါ ။ သင်တန်းတွေအစုံတက်ပြီး တက်မြောက်သင့်သည်တွေ အကုန်တက်မြောက်မှ တီလေးဆီမှာ ဝင်လုပ်မှာမို့ ယခုချိန်ပျော်ချင်သေးသည် ။

"ရောက်ပြီ ဒီဒီလေး"

"ဟုတ် ဘကြီး ၊ အိမ်ပဲပြန်တော့နော် ဒီဒီ တီလေးနဲ့ အတူပြန်လာမှာ"

"အေး အေး "

တီလေးငယ်ငယ်ကတည်းက တီလေးကို လိုက်ပို့ပေးခဲ့တဲ့ ဘကြီးသည် ယခုတော့ ဒီဒီသွားချင်သမျှလိုက်ပို့သူ ဖြစ်လာသည် ။

တီလေးကုမ္မဏီအတွင်း လှုပ်ရှားသွားလာနေသူများက အများအပြားပင် ။ Fashion ကုမ္မဏီမို့ Model များ ၊ မင်းသားမင်းသမီးများပါ တွေ့ရတတ်သေးသည် ။ ဒီဒီကို တီလေးတူမအဖြစ် သိသူများက နှုတ်ဆက်နေသေး၏ ။

တီလေးရုံးခန်းရှိရာ အထပ်တွင်လည်း နှုတ်ဆက်ကြသူများက အများအပြား ။ တီလေးအခန်းရှေ့မှာ တွေ့ပါပြီ ထား ။ အတွင်းရေးမှူးမမခင်ခုံဘေးကပ်ရပ်မှာ လက်တော့(စ်) ကို ခေါင်းဝင်မတက်ကြည့်နေသော ထား ။ ထား ကတော့ အလုပ်မှာ အဆင်ပြေနေပုံ ။

"ဒေါ်မြဝတ်လွှာဖြူနဲ့ တွေ့ချင်လို့ပါရှင်"

"ဟုတ်ကဲ့ ...ဟာ ဒီဒီ "

"ဟီးဟီး ...တွေ့ခွင့်ရမလားရှင်"

ထား တို့ စားပွဲခုံရှေ့မှာ မျက်နှာထားချိုချိုလေးလုပ်ကာ မေးတော့ မမခင်နှင့် ထားက ခပ်ဟဟ ရယ်လာသည် ။

"သွား ...သွား ဒီဒီ ၊ ခုနက မမစိတ်တော့တိုနေတယ်"

"အီး...အာဆို ဒီဒီသွားရဲဘူး"

ထိရှလွယ်သော/ထိရှလွယ်သော🔞🔞Donde viven las historias. Descúbrelo ahora