Part - 3(Unicode)

3.6K 433 31
                                    

တစ်ပတ်လောက်ကြာတဲ့အခါမှာ ကျွန်တော်နဲ့မောင် မောင့်မိဘတွေအိမ်ကိုသွားခဲ့ကြသည်။မောင့်ရဲ့အိမ်ကိုမြင်လိုက်တဲ့အခိုက်အတန့်မှာ ကျွန်တော်ပျော်ရွှင်မှုကိုရော မောင့်အပေါ် အားနာစိတ်ကိုပါ တစ်ပြိုင်တည်းခံစားမိခဲ့သည်။မောင်နေတဲ့အိမ်က ခြံဝန်းအကျယ်ကြီးထဲမှာဆောက်ထားတဲ့ တိုက်အိမ်ကြီးတစ်လုံး။တစ်အိမ်လုံးကို ဆေးအဖြူရောင်တွေသုတ်ထားတာ စံအိမ်ကြီးတစ်ခုအတိုင်းပဲ။မောင့်လိုသူဌေးသားလေးတစ်ယောက်က ကျွန်တော့်လိုမပြည့်စုံတဲ့သူအတွက် သူ့ရဲ့ချမ်းသာတဲ့ဘဝနဲ့ အမွေတွေကိုတောင်စွန့်ပစ်ပြီး ထွက်လာခဲ့သည်။အချစ်တစ်ခုတည်းအတွက်နဲ့ မောင်ဟာ နှာခေါင်းပေါက်လောက်ပဲရှိတဲ့ တိုက်ခန်းမြေညီထပ်လေးမှာ ကျွန်တော်နဲ့အတူ ဆင်းဆင်းရဲရဲလာနေခဲ့သည်တဲ့လား။မောင်နဲ့နေတာကြာလာတဲ့အမျှ မောင့်အကြောင်းတွေကို ပိုပိုသိလာရပြီး အချစ်တွေလည်းတိုးလာရပါသည်။

အဲ့နေ့က ကျွန်တော်တို့ထမင်းလက်ဆုံလည်း အတူတူစားဖြစ်ခဲ့ကြသေးသည်။မောင့်မေမေက ချိုချိုသာသာပါပဲ။ရှေ့လျှောက်ဘာဆက်လုပ်ဖို့အစီအစဥ်ရှိလဲ၊ လက်ထပ်ကြမှာမလားလို့မေးတော့ မောင်ကနှစ်ဦးသဘောတူစာချုပ်မှာ လက်မှတ်ထိုးပြီး လက်ထပ်မယ်လို့ပြောသည်။ကျွန်တော်ကတော့ သိပ်နားမလည်တာမို့ ဘာမှဝင်မပြောခဲ့ပါ။မောင့်မေမေက လက်ထပ်ပြီးရင် သူတို့နဲ့အတူလာနေဖို့ပြောပေမယ့် မောင်ကငြင်းသည်။ကျွန်တော်နဲ့တိုက်ခန်းအိမ်မှာသာနေချင်သည်တဲ့။မောင့်မေမေကဖော်ဖော်ရွေရွေပြောပေမယ့် မောင့်ဖေဖေကတော့ ဘာတစ်ခွန်းမှဝင်မပြောသလို ကျွန်တော့်ကိုလည်း တစ်ချက်လေးမှမကြည့်ခဲ့ပါဘူး။

မောင်မိဘတွေအိမ်ကပြန်လာပြီး မကြာလိုက်ပါဘူး၊ မောင်နဲ့ကျွန်တော် အသိသက်သေတွေခေါ်ပြီး နှစ်ဦးသဘောတူထိမ်းမြားလက်ထပ်ခြင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြသည်။အခုတော့ ကျွန်တော်နဲ့မောင်ဟာ တရားဝင်ခင်ပွန်းမောင်နှံတွေဖြစ်သွားခဲ့ပါပြီ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ခြောက်လခန့်ကြာသော်.....

Wedding Dress(Completed)Where stories live. Discover now