Part - 6(Unicode)

3.3K 416 24
                                    

"မောင်..ဟိုမှာကြည့်ပါဦး..မေပယ်ရွက်လေးတွေ လှလိုက်တာ.."

မောင်နဲ့ကျွန်တော် တစ်ယောက်လက်ကို တစ်ယောက်တွဲကာ မေပယ်ပင်တွေရှိတဲ့လမ်းလေးအတိုင်းလျှောက်နေကြသည်။မောင့်လက်ရဲ့နွေးထွေးမှုကို ကျွန်တော်ခံစားမိနေသည်။လေအဝှေ့မှာ မျက်စိရှေ့လွင့်ကျလာတဲ့နီစွေးစွေးမေပယ်တစ်ရွက်ကို ကျွန်တော်ဖမ်းဆုပ်လိုက်သည်။

"မောင်သိလား..ငါစာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတာ..အခုလိုမျိုး ‌ကြွေကျလာတဲ့မေပယ်ရွက်ကို လေထဲမှာတင်ဖမ်းမိတယ်ဆိုရင် ကြိုက်တဲ့ဆုတစ်ခုတောင်းလို့ရတယ်တဲ့..ငါဘာဆုတောင်းမယ်ထင်လဲ မောင်.."

မောင်က ဘာမှပြန်မပြော။ကျွန်တော့်လက်ကိုဆုပ်ကိုင်ရင်းပဲ ပြုံးပြီးတော့သာရှေ့ကိုဆက်လျှောက်နေသည်။ကျွန်တော်လည်း မောင်ခေါ်ရာနောက်ကိုသာ လိုက်သွားလိုက်သည်။

"ကိုစဝ်...ကိုစဝ်...ကိုစဝ်လွမ်းငယ်..."

ကျွန်တော့်အနောက်မှ တစ်စုံတစ်ယောက်ရဲ့ခေါ်သံ။အနောက်ကိုလှည့်ကြည့်မိတော့ ဘယ်သူမှရှိမနေ။သို့သော်လည်း ထိုအသံဟာ နီးသထက်နီးလာပြီး ကျယ်သထက်ကျယ်လောင်လာတော့သည်။

"ကိုစဝ်..ကိုစဝ်.."

ကျွန်တော့်မျက်လုံးတွေ ရုတ်တရပ်ပွင့်လာတဲ့အခိုက် မြင်ရသည်က မောင့်သူငယ်ချင်းအောင်အောင်ရဲ့မျက်နှာ။

"အာ..ညီလေး..အကိုအိပ်ပျော်သွားတာနဲ့တူတယ်..မောင်ရော ပြန်ရောက်လာပြီလား.."

ဝေဝါးနေသေးတဲ့ မျက်လုံးကိုလက်ဖြင့်ပွတ်ရင်းမေးတော့ မောင့်သူငယ်ချင်းက ဘာမှပြန်မဖြေ။
ဘေးမှာတော့ ညိုးငယ်တဲ့မျက်နှာနဲ့ အင်္ကျီအနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ မောင့်မေမေ။ကျွန်တော် ဆက်ခနဲထထိုင်လိုက်တဲ့အခိုက် ဘယ်ဘက်လက်ဖျံက စူးခနဲ။ကြည့်မိတော့ ဆေးထိုးအပ်နဲ့သွယ်တန်းထားတဲ့ ပိုက်ကနေတဆင့် အကြည်ရောင်အရည်တွေက ကျွန်တော့်သွေးကြောထဲကိုစီးဝင်နေသည်။

အခြေအနေအရပ်ရပ်ကို ကျွန်တော်နားမလည်နိုင်။မောင်နဲ့ဆင်တူချုပ်ထားတဲ့ သတို့သားဝတ်စုံကိုကျွန်တော်ဝတ်ထားစဲပါ။ကျွန်တော့်လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့

Wedding Dress(Completed)Where stories live. Discover now