Part - 5(Unicode)

3.2K 378 5
                                    

မောင့်ညီမဝမ်းကွဲရဲ့ဆိုင်ကနေ ဝတ်စုံတွေရပြီလို့ဖုန်းဆက်လာတော့ ကျွန်တော့်တို့အဲ့ကိုထပ်သွားကြသည်။ကျွန်တော့်ခါးက သက်သာလာပြီဆိုပေမယ့် အရမ်းတော့လှုပ်လို့မရသေးတာမို့ ဆိုင်ကယ်မစီးဘဲ တက္ကစီငှားပြီး သွားလိုက်ကြသည်။

"ကိုကို...."

မောင့်ညီမဝမ်းကွဲပြေးဖက်တာက မောင်ဆိုပေမယ့် မောင့်လက်ကိုတွဲထားတဲ့ ကျွန်တော့်ကိုပါ တိုက်မိတာမို့ ‌ခါးကမျက်ခနဲ။

"အား..ဘုရား..ဘုရား...ကျွတ်..ကျွတ်..."

"ဟင်..ကိုစဝ်ဘာဖြစ်လို့လဲ..."

"‌ငါလုပ်လိုက်လို့ ခါးနာနေတာ..."

"ရှင်...!!"

‌မောင့်စကားအဆုံးမှာ ‌တစ်ဆိုင်လုံးကကောင်မလေးတွေရဲ့ အာမေဍိတ်အသံတွေက တစ်ပြိုင်တည်းထွက်လာပြီး ကျွန်တော့်မျက်နှာလည်းပူထူသွားသည်။မောင်ကတော့ မျက်နှာသေကြီးဖြင့်သာ။

တော်တော်အရိပ်အကဲနားမလည်တဲ့မောင်ပဲ။

ဆိုင်ထဲကFujoushiမလေးတွေကတော့ ပြုံးစိစိဖြင့်။

"အဟမ်း..ကဲ..ကဲ..ငါ့တို့ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြရအောင်...ကိုကိုတို့နှစ်ယောက်က လိုက်ခဲ့...ဝတ်စုံပြမယ်..."

မောင့်ညီမဝမ်းကွဲရဲ့ အလုပ်ခန်းထဲကိုရောက်‌ရောက်ချင်းပဲ ကျွန်တော်မှင်သက်သွားသည်။သတို့သားဝတ်စုံနှစ်စုံကို လူအရုပ်တွေမှာ သေချာဝတ်ဆင်ပေးထားပြီး နှစ်ခုယှဉ်လျှက်ထား,ထားသည်။

"သိပ်လှတာပဲ..."

"ဟုတ်ပါ့...ငါ့ညီမလေးက အရမ်းတော်တာပဲ.."

"တော်ရမှာပေါ့..ကိုကို့ညီမပဲဟာ..အပေါ်အင်္ကျီချည်သားကိုက လက်ရက်ကန်းနဲ့သေချာရက်ထားတာ..တောင်ရှည်ပုဆိုးကတော့ ကနုတ်တွေကို ချည်သားပေါ်မှာ သေချာပြန်ဆွဲထားတာ...အပေါ်အင်္ကျီရဲ့ခါးဘေးဘက်တွေကိုရှည်ထားတာကတော့ ဒီဘက်ခေတ်ဒီဇိုင်းပေါ့...ကြိုက်ကြရဲ့လား... "

"အကိုသိပ်ကြိုက်တယ် ညီမလေး..ညီမလေးရဲ့လက်ရာ အရမ်းကောင်းတယ်.."

ကျွန်တော် ချီးကျူးစကားပြောပြီး ထိုဝတ်စုံတွေနားကိုလျှောက်သွားလိုက်သည်။အပေါ်ဝတ်အင်္ကျီက ချည်သားနဲ့ဖြစ်ပြီး ချည်လှိုင်းအတွန့်တွေကို လက်ရက်ကန်းဖြင့် သေချာရက်လုပ်ထားလို့လားမသိ အရမ်းကိုအသေးစိတ်ပြီး ရိုရိုးရှင်းရှင်းနဲ့ကြည့်ကောင်းနေသည်။ချည်သားကနုတ်တွေကလည်း ခပ်မှိုင်းမှိုင်းအရောင်ဘက်ကိုသွားပြီး တကယ့်ကိုအတိတ်က ကုန်းဘောင်ခေတ်ဆီပြန်ရောက်သွားသလိုခံစားရစေသည်။အင်္ကျီအနားစ,လေးကိုကိုင်ကြည့်မိတဲ့အခိုက် အိမ်မက်ထဲကပုံရိပ်တွေက ကျွန်တော့်ခေါင်းထဲသို့...။

Wedding Dress(Completed)Where stories live. Discover now