Part - 1(Unicode)

20.6K 878 40
                                    

"မောင်ရေ...မောင်ရေလို့..မြန်မြန်လုပ်လေကွာ..ပထမဆုံးအလုပ်ဝင်ရမယ့်နေ့ကြီးနော်.."

"ပြီးပါပြီ လွမ်းရယ်.ပြီးပါပြီ..ဘာတွေလောနေတာတုန်း..မောင့်အချိန်မောင်သိပါတယ်.."

"ဘာကိုမောင့်အချိန်မောင်သိတာလဲ..နာရီကိုကြည့်..၈နာရီခွဲနေပြီ.."

"၈နာရီခွဲပဲရှိသေးတာလေ..ဘာလဲ လွမ်းကမောင့်ကို အိမ်မှာမရှိစေချင်တော့ဘူးလား..မောင်ကတော့ တစ်မိနစ် တစ်စက္ကန့်ပဲဖြစ်ဖြစ် လွမ်းနဲ့အတူရှိချင်လို့ တမင်သက်သက်အချိန်ဆွဲနေတဲ့ဟာကို.."

"အာ..မောင်ကလည်းကွာ..ငါကမင်းပထမဆုံးအလုပ်ဝင်တဲ့နေ့မှာနောက်ကျပြီး အဆူခံနေရမှာစိုးလို့ပြောတာပါ.."

"မသိဘူးကွာ..မောင့်ကို မြန်မြန်လုပ်လေတို့ မပြီးသေးဘူးလားတို့ နောက်ကျနေပြီလေတို့ ခနခနပြောနေရင် လွမ်းကမောင့်ကိုအိမ်မှာမရှိစေချင်လို့ပြောတယ်ပဲယူဆလိုက်တော့မှာ..တော်ပြီ..သွားတော့မယ်.."

မောင်ကအဲ့လိုပဲ..။ကလေးသိပ်ဆန်တာ။သူ့ကိုတစ်ခုခုပြောလိုက်ပြီဆိုရင် စကားအထအနကောက်ပြီး ကပ်သီးကပ်ဖဲ့ကို စိတ်ကောက်တာ။အခုလည်းကြည့်..အလုပ်နောက်ကျမှာစိုးလို့ပြောတာကို သူ့ကိုအိမ်မှာမရှိစေချင်လို့ပြောတာပါဆိုပြီး ကောက်သွားလေရဲ့။စတွဲတဲ့အချိန်ကစပြီး အတူတူနေတဲ့အခုအချိန်အထိ ကိုယ်ကကောက်ရတယ်ကိုမရှိဘူး၊ သူကချည်းကောက်နေတာ ခနခနပဲ။သူများတွေပြောသလို ကလေးကိုမုန့်ကျွေးကြိုက်တာဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့။

"မောင်...ဘာဖြစ်လို့လဲ.."အလုပ်သွားပြီဆိုပြီး ထွက်သွားတဲ့မောင်က အိမ်ထဲကိုပြန်ဝင်လာပြန်သည်။

"လွမ်း...တစ်ခုမေ့နေတယ်.."

"ဟမ်..ဘာမေ့လို့လဲမောင်..မောင့်မှာလက်ဆွဲအိတ်လည်းပါပြီ၊ နက်ခ်တိုင်လည်းစည်းပြီးပြီ၊ဆိုင်ကယ်သော့လည်းပါပြီ၊ ဆိုင်ကယ်ဦးထုပ်က....."

"ဟာ..လွမ်းကွာ..မောင်ဘာမှမမေ့ဘူး..လွမ်းမေ့နေတာ.."

မောင်ကသူ့ခေါင်းကိုသူ လက်နှစ်ဖက်လုံးနဲ့ဖိကိုင်ကာ ရှုံ့မဲ့ပြီးပြောလာသည်။တကယ်တော့ မောင်ဘာပြောချင်တယ်ဆိုတာကိုကျွန်တော်သိပါသည်။မောင်အပြင်တွေဘာတွေသွားခါနီးတိုင်း မောင့်နဖူးကိုကျွန်တော်နမ်းနေကျ၊ ဒီနေ့အတွက် သူအနမ်းမခံရသေးတာမို့ အနမ်းလာတောင်းနေခြင်းဖြစ်သည်။ကျွန်တော်မောင့်ကို စ,ချင်တာနဲ့ ထပ်ပြီးမသိချင်​ယောင်ဆောင်လိုက်သည်။

Wedding Dress(Completed)Hikayelerin yaşadığı yer. Şimdi keşfedin