ဘေးနား နစ်ဖက်ကနေ ညင်သာစွာတိုက်ခိုက်သွားတဲ့ လေပြေညင်းလေးတွေက ကြိုဆိုပါတယ်လို့ ပြောနေသလားလို့ပင် ထင်ရသည့် ကျေးငှက်တချို့ရဲ့ အသံလေးတွေနှင့် သဲ့သဲ့လေးကြားနေရပြန်သော ချောင်းရေသံလေးတွေကို ဟိုးအရင်အချိန်တခုကိုပင် ပြန်လည်ဆွဲခေါ်နေပြန်ပါသည် ...
' နောက်ကျသွားနေမိပြီလား '
မိမိကို မိမိ မေးခွန်းပြန်ထုတ်မိတော့
နောင်တလိုလို လေးလံနေသော စိတ်အစဥ်က
ပြိုလဲလာသလိုဖြစ်မိပြန်ပါသည်' ငါဘာတွေလုပ်နေတာလဲ '
မှန်နေသလား မှားနေသလားဆိုတာကို
ရှေ့ဆက်၍တွေးလျှင် ဒီအရေး က
ဝေးသထက်ဝေးပေးတော့မည် ဖြစ်သည်' သမီး ... '
ငေးငေးငိုင်ငိုင် စဥ်းစားနေရာမှ
အသံသဲ့သဲ့ ရင်းနှီးစွာဖြင့်ကြားလိုက်မိသည်နွေးထွေးသော အပြုံးများနှင့် အရင်လိုပဲ
ဖော်ရွေစွာနှင့် သမီးလို့ လှမ်းခေါ်လာသည်က
ဒါဝိရဲ့ မေမေပင် .....' အန်တီ ... '
ဖန်းလေးဆီ ခြေလှမ်းလာပြီး ပိန်ကျသွားသော
ဖန်းရဲ့မျက်နှာလေးကို သမီးရင်းလေးတစ်ယောက်လို
အသာယာကိုင်လိုက်ပြီး' ပိန်သွားလိုက်တာ အာဟာရရှိတာတွေ
မစားပဲ ဝိတ်တွေလျော့နေပြန်တာလား သမီးငယ်''မ ဟုတ် ...ပါဘူး... '
နွေးထွေးစွာဆက်ဆံလာသည့် ဒါဝိအမေဖြစ်သူကြောင့်
ထုတ်သာမပြောပေမဲ့ရင်ထဲကြည်နူးမိသွားသည်က
ဖန်း ... သူ့အမေလည်း မိုင့်ကိုခုလို ဆက်ဆံပေးရင်သဘောထားပေးခဲ့ရင် ဘယ်လောက်တောင် အေးချမ်းသွားမည်လဲဆိုသည့် အတွေးများက ရင်ဘတ်ထဲတွင်
အောင့်သက်သက်ဖြစ်လာမိသည်' နောက်မှလိုက်လာတာလား ... ဒါဝိနဲ့
ဘာလို့တူတူမလိုက်လာတာလဲ သမီး... 'ဒါဝိမေမေက ဘာမှမသိသူမို့ သာမန်မေးခွန်းများကို
ပွင့်လင်းစွာမေးနေပေမဲ့ ဖန်းကို ထိန်းထားသည့်ကြားကမျက်ရည်များက ကျဆင်းလာသည် သူမတကယ်
ရင်ထဲမွန်းကြပ်နေလှသည် ပင်ပန်းလှသည်