EP 1

5.9K 184 72
                                    

Zawgyi Font ( Unicode Below)

ဒီနေ့မိုးနည်းနည်းအေးတယ်လို့  ခံစားရတာမို့
ကျွန်မ ဆွယ်တာဟောင်းလေး တစ်ထည်ကို
အဝတ်ဗီရိုရဲ့ ဂျောင်ကျလှတဲ့တနေရာကနေ
ထုတ်ပြီး ဝတ်လိုက်မိသည်

ကိုယ်သင်းနံ့လေး ကျန်နေသေးပါလား

အငွေ့အသက်လေးတွေခံစားနေရသေးတာမို့
ရင်ဘတ်ထဲတော့ ဆစ်ကနဲ နာကျင်သွားမိသည်
အတိတ်ရဲ့အမှတ်တရတချို့က ရေးရေးလေး
မှန်ပြတင်းပေါက်ကနေတဆင့်ထင်ဟပ်လာလေသည်

" မိုင်.... မလုပ်နဲ့ဆို "

" လုပ်မှာပဲ မိုင်လည်း မျောက်လေးဆို ဖန်းလည်း
မျောက်လေးပဲ လာ မပြေးနဲ့  "

" မိုင်.... "

ကိတ်မုန့်ဖုတ်ရတာကို ကျွန်မတကယ်ကြိုက်သည်
ကွက်ကီးလေးတွေအရသာပေါ်အောင် ခရင်လ်လေးတွေ
ရောင်စုံထည့်ရတာကိုလည်း ကြိုက်သည်
ပိုကြိုက်မိသည်က မုန့်နစ်တွေနဲ့ ကျွန်မကို စနောက်နေတဲ့
မိုင်ဒဝါ့ကာ ဆိုတဲ့သူ့ကိုပေါ့....

" ဖန်း... ဘာတွေတွေးနေတာတုန်း "

" အမ်.... ဘာမှမတွေးပါဘူး "

" အဲ့တာဆို ရော့ အင့် "

မုန့်နှစ်တွေနဲ့ ဖန်းကို လှမ်းသုတ်လိုက်သော မိုင်..

" အာ့.... မိုင်... မဆော့နဲ့ဆို "

မိုင်က ကျွန်မထက် အသက်ပိုကြီးပေမယ့်
ကလေးတကယ်ဆန်လွန်းသည်
အမြဲစနောက်နေတတ်ပြီး ကျွန်မစိတ်ဆိုး
စိတ်ကောက်အောင်ပြုမူတတ်ပြန်သည်

" ဖန်း ကလည်း..... "

" ငြိမ်ငြိမ်နေပြီး ကူညီမှ မုန့်လှလှလေးတွေ
ရမှာပေါ့ အာ့ကို ဘာလို့ ဆိုး... သွား မခေါ်ဘူး "

ကျွန်မလည်း မူ ပိုပြီး ကောက်ပြလိုက်သည်
သူမနေတတ်တာကိုကျွန်မသိသည်မို့...

" ဖန်း.... ဖန်း.... အသဲလေး
အသေးလေး ပေါက်စနလေး ပူကျူးကျူးလေး "

" ဘာလဲ..... သွား... ကြက်ဥတွေထပ်ယူပေး"

" ဟုတ်ကဲ့ပါရှင့် အလိုတော်အတိုင်းပါရှင့် "

ရယ်မောသံတွေ ပျော်ရွှင်မှုတွေ အမှတ်တရ တွေ
ဆိုတာ အစီအရီနဲ့ပေါ့ အဲ့အချိန်လေးတွေကို
ခဏလောက်ရပ်ပေးထားကြပါလား လို့
ကျွန်မတောင်းဆိုချင်မိသည်

It Has To Be YOUOù les histoires vivent. Découvrez maintenant