EP 4

1.5K 110 21
                                    

Unicode Font

ဖိနပ်တဖက်မပါပဲ ထော့နဲ့ထော့နဲ့ နဲ့ အိမ်ပြန်လာသော
ဖန်းကို တွေ့လိုက်သော ဖန်း၏အမေ.... 

" သမီး အမေ ပြောစရာ... "

" ခဏလောက် တယောက်တည်းနေပါရစေအမေ"

တလောကလုံးကို အရှုံးပေးနေပါတယ် ဆိုတဲ့
အကြည့်တွေနဲ့ ပြောလာသော ဖန်းကြောင့်
အမေဖြစ်သူလည်း နောက်ဆုတ်လိုက်ရသည်

" မင်း သမီးပြန်လာပြီလား "

အသံကြားသည်မို့ အိမ်ခန်းမှ ထွက်လာကြည့်သော အဖေ

" သူ့ကိုခဏလောက် ထားလိုက်ပါ ကျွန်မနားချပါမယ် "

ဖန်းအတွက် ဒီညဟာအိမ်မက်ဆိုးတခုလို
ခံစားနေရသည် သူ့ကို အော်ကာငေါက်ကာပြောနေသော
မိုင်ကို မြင်မြင်လာမိပြီး အရမ်းလည်းကြောက်နေမိသည်
မိုင်ကို သူ့မုန်းမိမှာကိုမလိုလားသည်မို့ ထိုကြောက်စိတ်ကို
စိတ်နဲ့လွန်ဆွဲကာ ပြန်ထိန်းနေရသည်

.......................................................

ဒေါက် ဒေါက်....  ( မှန်တခါးခေါက်သံ) 

ခေါင်းငုံ့ကာငိုနေသော မိုင် လည်း ကားမှန်ခေါက်သံကြောင့်
ရှိသမျှအားတင်းကာမှန်ချကြည့်လိုက်သည်

" ခင်ဗျား ကားလေး နည်းနည်းရွှေ့ ပေးပါလား
ဒါကျွန်တော်ဆိုင်ပါ ကားထွက်မရတော့လို့ "

ဖော်ဖော်ရွေရွေနဲ့ပဲ တောင်းဆိုလာသည်မို့
မိုင်လည်း ကားကို ဖယ်ပေးလိုက်ရင်း

" တောင်းပန်ပါတယ် ကျွန်မမသိလိုက်လို့ပါ "

ထိုကောင်လေးကတော့ မိုင်ရဲ့ မျက်ရည်တွေကျကာ
နီရဲနေသော မျက်ဝန်းတွေကိုကြောင်ကြည့်နေမိရင်း
အားနာပင်ပိုမိလေတော့သည်

" ရပါတယ် ကျွန်တော်လည်း အဆင်မပြေလို့ပါ
ကျေးဇူးပါနော် "

ခေါင်းလေးတငြိမ့်အသာငြိမ့်ပြကာ မိုင်လည်း ကားကို
အိမ်သို့ ပြန် လှည့်မောင်းလာလိုက်သည်

ခြောက်ကပ်လှသည် အထီးကျန်လှသည်
ကြောက်ရွံ့လှသည် ဒီအိမ်ကြီးမှာ ဖန်းသာ
ရှိမနေပးနိုင်တော့မှာ စိုးထိတ်လှသည်

It Has To Be YOUWhere stories live. Discover now