Ep 2

2.1K 140 45
                                    

Unicode Font ( Zawgyi Below)

ဖန်း တစ်ယောက် ကဖေးဆိုင်လေးထဲ
ဂိမ်းနိပ်၍ မိုင် အလာကိုစောင့်နေလေသည်

" အို... "

ဘယ်ဘက်မျက်ခမ်းစပ်မှာ စပ်ကနဲစပ်ကနဲ
လှုပ်သွားသည်မို့ စိတ်ထဲ နည်းနည်း
စနိုးစနောက်တော့ဖြစ်သွားမိသည်
စိတ်ထဲအရင်ရောက်လာသည်က မိုင်

ဒီကဖေးလေးက မိုင့်ရုံးနဲ့ နှစ်ဘလောက်
အကွာမှာရှိပေမဲ့ ရုတ်တရက်မိုင့်ကို စိတ်ပူမိသွားသည် မို့ အသည်းပုံလေးနဲ့
မှတ်ထားသော နံပါတ်လေးကို အလိုလို
နိပ်မိသွားသည်

" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
သတ်မှတ်ချိန် အတွင်း ပြန်လည်ဖြေကြားခြင်း
မရှိပါသဖြင့်.. "

" အွီး... မိုင်.. ဘာလို့ဖုန်းမကိုင်တာလဲ "

" တူ... တူ... "

အခေါ်ဝင်နေ၍ မြည်နေသော ဖုန်းခေါ်သံသာ
ကြာငြောင်းနေသဖြင့် ဖန်းရဲ့ စိတ်တနေရာမှ
လေးလံလာသည်

မိုင်... ဘာတွေလုပ်နေတာလဲ

ရေခဲစိမ်အအေးခွက်လေးတောင် အရည်ပျော်လို့
အရသာတွေပေါ့ကုန်တော့မည်
ဖန်း စိတ်တွေလည်း စိုးထိတ်မှုတွေနဲ့
ချွေးများပင် စိုစွတ်လာလေသည်

နောက်ဆုံးတော့ ဖန်းလည်း နှုတ်ခမ်းဖျားမှာ လေညင်းလေးနဲ့ နှုတ်ဆိတ်ကာ
ဘုရားစာလေး စိတ်မှ ရွတ်ပြီး
ငြိမ်းချမ်းစေနေလိုက်သည်

မကြာလိုက် တခဏအကြာတွင်

" ဖန်း... "

" မိုင် ... "

" ဆောရီး ကိုယ် နောက်ကျသွားတယ်
နည်းနည်းအလုပ်လေးရှုပ်နေလို့ပါ "

" အွန်းပါ ဒီကစိတ်ပူနေတာ ဖုန်းကော?? "

" အာ... အံဆွဲထဲထည့်ထားမိတာ
မယူလာခဲ့မိဘူး "

" အော် တို့က ဖုန်းတွေခေါ်နေတာ ရှင်ဟာလေ "

" အဟား ဟား ဟုတ်ပါပြီနော် "

" အအေးတွေ အရည်ပျော်ကုန်ပြီ
ဖန်း အသစ်မှာလိုက်မယ် ခဏ.. "

" နိုး... ရတယ် ဒီကိုခဏလာ "

ညနေစောင်းအချိန်မို့ ကဖေးဆိုင်လေးက
လူလည်း ရှင်းနေပြီ ဖွင့်ထားသော
တေးသံလေးတွေကလည်း စိတ်ထဲ
အေးချမ်းနေစေလေသည်

It Has To Be YOUWhere stories live. Discover now