EP 3

1.4K 141 38
                                    

Unicode Font

ချစ်ခြင်းတရားဆိုတာကို ကျွန်မတို့ခေါင်းစဉ်အမျိုးမျိုးနဲ့
သတ်မှတ်ကြတယ် တချို့က ပေးဆပ်ခြင်း တချို့က
ရယူခြင်း ဆိုတာတွေနဲ့ပေါ့

အဲ့တာဆို ကျွန်မအတွက် အချစ်ဆိုတာကကော
ဘယ်လိုခေါင်းစဉ်မျိုးနဲ့တည်ရှိနေတာလဲဆိုတာကို
သိချင်မိလာသည်

မိုင် ကော်ဖီပူပူလေးကို ရေနွေးငွေ့လေး
နှာခေါင်းထိပ်လေးနဲ့ခံစားရင် စိတ်ကူးတွေ
လေထဲဝဲပါနေသည်

ဒီနေ့မိုးရွာတာ သည်းတော့ ဆွေးစရာပင်
ကောင်းလှနေသည် တစုံတရာကို လွမ်းဆွတ်နေသလိုလို
တစုံတရာကို တမ်းတနေသလိုလို ခံစားချက်တချို့ကလည်း
ဟိုဝင်သည်ဝင် စိတ်ရဲ့အနှံ့ ဝင်ထွက်နေပြန်သည်

" မိုင်....  "

ရေချိုးခန်းထဲကနေ ခေါင်းလျှော်ပြီး ထွက်လာသော ဖန်း

" ဖန်း...  ဟာ ပြောစကားနားမထောင်ဘူး "

" ဟင်?  "

" ရာသီဥတု အေးနေတာကို ညနေ စောင်းကြီး
ဘာလို့ခေါင်းလျှော်တာလဲ ဖျားတော့မှာပဲ "

ကော်ဖီခွက်ကို ဘေးချကာ ဆူလာသော
မိုင်ကို မျက်စောင်းလေးနဲ့ကြည့်လိုက်သော ဖန်း

" မဖျားစေချင်ရင် ခေါင်းခြောက်အောင် လာလုပ်ပေးလေ "

ဒီကလေးကို ဆူလည်း စိတ်ကောက်မည့်အဆုံး
သက်ပြင်းသာချပြီး Dryer ကောက်ကိုင်လိုက်ရသော မိုင်

" အအေးနဲ့မှုတ်ပေးပြီးမှ အပူပေးနော် "

" သိပါတယ် ဟိုဖက်လှည့် "

ဖန်း ရဲ့ဆံကေသာလေးတွေကို စိုရာမှ ခြောက်မှ
အသာလေးဖွပြီး လေမှုတ်ပေးနေသော မိုင်

ခေါင်းလျော်လိုက်သည်ကို စိတ်ဆိုးသည်မှာ
စိုးရိမ်၍သာဖြစ်သော်လည်း ခုလို ဖန်းရဲ့ ဆံနွယ်လေးတွေကို
ခြောက်အောင် လုပ်ပေးနေရသည်က မိုင်အတွက်
ပျော်ရွှင်မှု ကိုဖြစ်စေသည်

မိုင် အတွက် ချစ်ခြင်းတရားဆိုတာ ပျော်ရွှင်ခြင်း ဆိုတဲ့
ခေါင်းစဉ်နဲ့များ တည်ရှိနေသည်လား.... 

It Has To Be YOUWhere stories live. Discover now