CHAPTER 2 - Meet the rival

13.7K 2.1K 77
                                    

Unicode

စုန့်ရီကအရင်နိုးလာခဲ့တယ်။

သူ့ခေါင်းကမူးနောက်နေပီး တစ်ကိုယ်လုံးကကြွက်သားတွေကလဲ ​အသစ်ပြန်ပီးဖွဲ့စည်းရခဲ့တဲ့အတိုင်း ကြောက်စရာကောင်းလောက်အောင် နာကျင်ကိုက်ခဲနေတယ်။

သူ့ရဲ့နောက်ကျောဘက်မှာတစ်စုံတစ်ယောက်ကသူ့ကိုပွေ့ဖက်ထားတဲ့အတိုင်း နွေးထွေးပီးသန်မာတဲ့ခြေထောက်တစ်ချောင်းက သူ့ခါးပေါ်မှာ​ရစ်တွယ်ထားတယ်။ စုန့်ရီကဗလာသက်သက်မျက်ဝန်းတွေနဲ့လှည့်ကြည့်လိုက်တော့ အမွှေးပွပွခေါင်းတစ်လုံးကိုတွေ့တယ်။ထိုအမျိုးသားကမျက်လုံးတွေမှိတ်ထားပီး  မျက်တောင်မွှေး​ရှည်ရှည်တွေက သူ့မျက်နှာပေါ်မှာ အရိပ်တစ်ခုကျရင်း နှစ်နှစ်ခြိုက်ခြိုက်​ အိပ်မောကျနေတယ်။

နှုတ်ခမ်းရဲရဲသွားဖွေးဖွေးလေးတွေနဲ့ အရမ်းလှပချောမောချစ်စရာကောင်းတဲ့မျက်နှာလေးတစ်ခုရှိနေခဲ့တယ်။ သူ့ရဲ့ အရိုင်းဆန်ဆန်နဲ့ ယောက်ျားပီသတဲ့ မျက်ခုံးမွှေးတွေပါထပ်ပေါင်းလိုက််ဆိုရင် တစ်ချက်ကြည့်ရုံနဲ့တင် ဘယ်တော့မှမေ့မသွားနိုင်တဲ့မျက်နှာမျိုးဖြစ်တယ်။

စုန့်ရီတစ်ယောက်ကတော့ မိုးကြိုးပစ်ချခံလိုက်ရသလို ကျိန်စာတိုက်ခံလိုက်ရသလိုမျိုး ခေါင်းထဲမှာတဝီဝီသံတွေမြည်လာပီး မူးနောက်လာတယ်။

ဒီလူကိုစုန့်ရီသိတာပေါ့။ သိရုံတင်ဘယ်ကမလဲ သူတို့နှစ်ယောက်ကြားမှာ သမိုင်းကြောင်းအရှည်ကြီးတစ်ခုလဲရှိနေသေးတယ်။

ရှန်းလီလိုထက်မြက်တဲ့ omega တစ်ယောက်မှာ လိုက်ပိုးပန်းသူကစုန့်ရီတစ်ယောက်တည်းမဟုတ်တာကသေချာပေါက်ပဲ။ ရှန်းလီကိုပိုးပန်းသူတွေထဲမှာ ကုရှင်ချွမ်း​ကတော့အကောင်းဆုံးတစ်ယောက်ပဲ။ အထက်တန်းတုန်းက သူတို့သုံးယောက်ကစာသင်ခန်းတစ်ခန်းတည်းမှာပဲ။ ကုရှင်ချွမ်းနဲ့ စုန့်ရီက ရှန်းလီအတွက်နဲ့ ပြဿနာတွေတက်ခဲ့ကြတယ်။

သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မျက်စိစပါးမွှေးစူးစရာဖြစ်ခဲ့တယ်လို့ ပြောလို့ရတယ်။ သူတို့ကအထက်တန်းအောင်ပီးကတည်းက တစ်ယောက်နဲ့တစ်ယောက်မဆက်သွယ်ဖြစ်ကြတော့ဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now