CHAPTER 63 - Meet in-laws

9.6K 1.8K 220
                                    

Unicode

စုန့်ရီကလူကြီးသူမတွေကိုအစိုးရိမ်လွတ်စေတဲ့လူမျိုးဖြစ်တယ်။ သူကစိတ်ရှည်ပီး ကိစ္စတိုင်းကိုသင့်တော်စွာဖြေရှင်းနိုင်စွမ်းရှိတယ်။ လူကြီးတွေသူ့အတွက်စိတ်ပူတာမျိုးကိုသူဘယ်တုန်းကမှမလိုအပ်ခဲ့ဘူး။

ဒါ့ကြောင့်မို့ ရှန်းစစ်ရဲယ်နဲ့ရင်ဆိုင်ရတာအနည်းငယ်ရှက်စရာကောင်းတယ်။ တစ်ယောက်ကသူ့ကိုအသိအမှတ်ပြုတဲ့သွေးရင်းသားရင်းဆွေမျိုးဖြစ်ပီး နောက်တစ်ယောက်ကသူနဲ့ချစ်ကြိုက်နေတဲ့ကောင်လေးဖြစ်တယ်။ နှစ်ယောက်လုံးကသူ့အတွက်အရေးကြီးတာမို့ ဘယ်တစ်ယောက်ကိုမှမပစ်ပယ်နိုင်ဘူး။

ရှန်းစစ်ရဲယ်ကသူ့ကိုစိတ်ပူစွာကြည့်နေတယ် "မင်းခန္တာကိုကောင်းကောင်းဂရုစိုက်ဖို့လိုတယ် အိမ်ပြန်ရောက်ရင်မင်းအတွက်စွပ်ပြုတ်သီးသန့်ချက်ပေးတဲ့သူကိုခေါ်ပေးမယ် မင်းကိုကောင်းကောင်းပြုစုပေးရမယ်"

စုန့်ရီခေါင်းညိမ့်လိုက်တယ် "ဂရုစိုက်ပေးလို့စစ်ရဲယ်ကို​ေကျးဇူးတင်ပါတယ်"

လေထုကခနလောက်တိတ်ဆိတ်သွားတယ်။ ရှန်းစစ်ရဲယ်ကနောက်ထပ်ထပ်ပြောချင်သေးတယ်။ စုန့်ရီကဆေးရုံကုတင်ပေါ်မှာလှဲနေတုန်းပဲရှိသေးတယ်။ ကုရှင်ချွမ်းနဲ့ပြတ်ဖို့ပြောတာကတကယ်မှားယွင်းတယ်ဆိူပေမဲ့ ဒီကိစ္စကနှောင့်နှေးလို့လဲမရဘူး။ အရှုပ်တွေကိုဓားထက်ထက်နဲ့ဖြတ်ရမယ်။ အချိန်တိုတိုနာကျင်မှုက ရေရှည်နာကျင်မှုထက် စုန့်ရီအတွက်ပိုကောင်းတယ်။

စုန့်ရီစိတ်ကရှင်းလင်းပြတ်သားနေပီး မျက်လွှာချကာ တိုးတိုးလေးပြောလိုက်တယ် "စစ်ရဲယ်ဘာပြောချင်နေလဲဆိုတာကိုကျွန်တော်သိတယ်"

ရှန်းစစ်ရဲယ်နာကျင်စွာခံစားနေရတဲ့ရင်ဘတ်ကအနည်းငယ်သက်သာသွားတယ်။ သူကမရဲတရဲမေးလာတယ် "မင်းဘယ်လိုထင်လဲ?"

"စစ်ရဲယ်ကုရှင်ချွမ်းအပေါ်မှာဘယ်လိုထင်မြင်ချက်ဆွေရှိလဲဆိုတာကျွန်တော်သိတယ် စစ်ရဲယ်ကကျွန်တော်ကောင်းဖို့အတွက်လုပ်ချင်နေတာဆိုတာလဲသိတယ်" စုန့်ရီကခနရပ်လိုက်ပီး ရှန်းစစ်ရဲယ်ကိုမော့ကြည့်လိုက်တယ်။ ရှန်းစစ်ရဲယ်မျက်နှာအမူအရာကသိပ်တော့လှပမနေဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now