part-1.1
23.6K 1.8K 25
ရှင်သခင်တစ်ယောက် အခန်းထဲထိုင်နေရင်း
တွေးနေသည်။ယခုသူ့နားတွင်အမျိုးသားဆိုတဲ့
ကောင်လေးရှိပါရက်ရင်ထဲမှာတစ်ယောက်
ယောက်ကိုသာလွမ်းဆွတ်နေသည်။ ​ဆေးရုံကနေအိမ်ပြန်ရောက်တာ၂ပတ်ကျော်အတွင်းမှာ ရိုးရာ ပိုက်ဆံသုံးတာသိန်း၁၀၀၀ ရှိပြီဖြစ်သည်။ဒါက သူ့တွက်စာမဖွဲ့လောက်ပေမယ့် စိတ်
ထဲတော့မကျေနပ်ချင်ပေ။မိဘတွေကိုဆိုလဲ မရိုမသေနဲ့ဆက်တံပြီး လေဖျန်းနေတဲ့အမေနားဆို လုံးဝမကပ်ပေ။
"သခင် ကျွန်တော့ကို ပိုက်ဆံပေးပါအုံးဟိုနေ့က ပေးထားတာကုန်ပြီ "
"ရိုးရာ မင်းသုံးတာများနေပြီး ဘာတွေလုပ်တာလဲ အရင်ကရောဒီလိုဘဲလား "
"သခင်ကလဲ ရိုးရာကိုမချစ်ဘူးလား ရိုးရာခုငွေလိုနေလို့ပါနော်"
သခင့်လက်အားဆွဲကာချွဲနွဲ့နေလေတာကြောင့်
သခင်ကသူ့လက်အားဆွဲဖြုတ်လိုက်သည်။
"ငါ့အသားကိုမထိ နဲ့ မင်းကငါ့ခင်ပွန်းဆိုပေမယ့်ငါကအတိတ်မေ့နေတာ ရော့ မင်းလိုတဲ့ပိုက်ဆံသိန်း၅၀၀နောက်ထပ်မပေးတော့ဘူး "
သခင်လဲပြောစရာအပျက်ပြောပြီးထွက်လာ
လိုက်သည်။ အခန်းထဲက ရိုးရာကတော့...
"တောက် ဒီကောင်သူ့လင်မဟုတ်မှန်းသိနေတာလား သူ့လင်ကိုစုံစမ်းပြီးရှင်းပစ်ရမယ် ဒီဟာတွေအကုန်ငါ့အပိုင်ဖြစ်ရမယ် "
ရိုးရာ ဖုန်းထုတ်ကာ လူတစ်ယောက်စီဆက်
လိုက်သည်။
"ဟယ်လို ဘေဘီ ဘာလိုလဲပြော"
"ဦး ဘေဘီ့ကိုလေ တစ်ခုစုံစမ်းပေးပါလားဟင် အိမ်ကလူကြီးကလေ အရင်အိမ်ထောင်ကျဖူး
တယ်တဲ့အဟင့် အဲ့ဒါ ဘယ်သူလဲဆိုတာ
သိချင်တယ်စုံစမ်းပေးနော် ခနနေ ဦးစိတ်ကြိုက်
ဘေဘီ့ကိုချစ်လို့ရတယ်နော်ဆို"
"Okဘေဘီ "
*အဟက်အဖိုးကြီး အားလုံးရှင်းပြီးရင်နင့်အ
လှည့်ဘဲ စည်းစိမ်အားလုံးငါ့အပိုင်*
အောက်ထပ်တွင်တော့...
"သား မင်းခင်ပွန်းပိုက်ဆံလိုပြန်ပြီလား
ငါ့သားလေးကတော်တယ်ထက်မြတ်တယ်
ဆိုပြီးလွှတ်ထားတာ အိမ်ထောင်ပြုတော့ ဘယ်
လိုလူမျိုးကိုရွေးထားမှန်း ဖေကြီးနားမလည်တော့ဘူး"