ဆွန်ဟွန်း တစ်ယောက် အဖေဖြစ်သူက အပြင်
ပေးမထွက်တာကြောင့် အခက်တွေ့နေသည်။ ထမင်းကိုလဲ အိမ်အကူကောင်မလေးအားပို့ခိုင်းကာ အခန်းထဲတွင်သာစားရသည်။"မမလေး ထမင်းလာပို့တာပါ"
"အင်း ဒီနားလာအုံး"
"အ"
ဆွန်စွန်းကောင်မလေးလည်ပင်းကိုဆေးထိုး
လိုက်ပြီး ကောင်မလေးအင်္ကျီကိုယူဝတ်ကာ
အပြင်ထွက်ရန်ပြင်လိုက်သည်။ ဒီချိန်အိမ်မှာသူ့အဖေမရှိတာကြောင့်အဆင်ပြေသည် ခြံပြင်
ရောက်တာနဲ့ ကားငှါးကာ သူဝယ်ထားတဲ့
တိုက်ခန်းကိုဦးတည်လိုက်သည်။"ဟယ်လို ခုချက်ချင်းငါ့တိုက်ခန်းကိုလာခဲ့"
တစ်နာရီအကြာတွင်...
"တီတောင်"
ဆွန်ဟွန်းတံခါးဖွင့်ပေးလိုက်တာနဲ့ လူထွားကြီးတစ်ယောက် အိမ်ထဲဝင်လာသည်။
"ငါ့ကို ဒီပုံထဲကကောင်လေးကိုဖမ်းပေး ပြီးတာနဲ့
နင်တို့ကြိုက်တာလုပ်လိုက် vd တော့သေချာ
ရိုက်ထားပေး ရော့စရံငွေ""စိတ်ချ"
ထိုလူပြန်ထွက်သွားတာနဲ့သူမပြုံးလိုက်သည်။
"အဟက် မင်ဟို နောက်နေ့ထိပျော်နိုင်ပါ့အုံးမလား"
တစ်ဖက်တွင် မင်ဟိုတစ်ယောက် ဂျန်ထယ်ရဲ့ရုံးခန်းထဲ ဖြဲကားပြီး ဂိမ်းဆော့နေသည်။
"ကလေးလေး ကိုစည်းဝေးရှိလို့သွားအုံးမယ် စားချင်က အပြင်ကလက်ထောက်ကိုမှာလိုက်
နော် ""ဟုတ်ကဲ့ပါ မောင် ရဲ့ မွ"
(System ဇာတ်လိုက်မဘာလုပ်နေလဲ)
(သူအိမ်ကထွက်ပြေးပြီးမြို့ထဲကသူ့တိုက်ခန်းမှာနေနေပါတယ် hostကိုလုပ်ကြံဖို့ လူငှါးထားတယ်)
(အဟက် ကိုယ့်ရှူးကိုယ်ပတ်အောင်လုပ်ပြမယ်)
နောက်တစ်နေ့တွင် မင်ဟိုကျောင်းသို့ထွက်လာစဉ်သူ့ကားရှေ့ ပိတ်ရပ်လာတဲ့ကားတစ်စီး
ကြောင့် သူလဲကားပေါ်ကဆင်းလိုက်သည်၊(မြန်သားဘဲ ငါထင်တာထက်စောနေတယ်)
"ဘယ်သူတွေလဲ ဘာလို့လာပိတ်ရက်နေတာ..."
YOU ARE READING
RomanceUnicode and Zawgyi Starting - 5.5.2021 Ending -29.5.2021 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ အာမခံချက် - မည်သူတစ်ဦးတစ်...