part 2.4
19.4K 1.6K 42
"တောက် rainbow ဆိုတဲ့ကောင်က
ကာကွယ်ပေးမယ့်လူရှိနေတယ်ပေါ့
နင့်ကိုကာကွယ်နေတဲ့လူကဘာအင်အားမှမရှိတဲ့လူဘဲ ဒါပေမယ့်အဲ့လူကလဲငါ့အပိုင်ဖြစ်ရ
မယ် "
ဝင့်ဝါဖုန်းတစ်ခုနှိပ်လိုက်ပြီး...
"အဟင့် ဦး ဝင့်ဝါကိုလေ ကျောင်းမှာအရှက်
ရအောင်လုပ်တဲ့သူရှိတယ် ဝင့်ဝါအရမ်းရှက်တာဘဲ"
"ဘယ်သူလဲခေး ပြောဦးပညာပေးလိုက်ရမလား"
"သူ့နာမည်ကလေ Rainbowတဲ့ ဦးမှတ်လောက်သားလောက်အောင်လုပ်လိုက်နော် ခနနေ ဦးစီလာခဲ့မယ် ဒီညဦးစိတ်ကြိုက်"
"Ok ခေး ရေ ဦးစောက့်နေမယ် မွ"
ဖုန်းချပြီးတာနဲ့
"ရွံဖို့ကောင်းလိုက်တာ သူ့ကိုထိရအုံးမယ် rainbow ဒါတွေနင့်ကြောင့်ဘဲ"
(A/N ဘာမှလဲမဆိုင်ဘူး)
တစ်ဖက်တွင်
နေမင်း တစ်ယောက် ကလေးကိုတွဲကာ ကားနားခေါ်သွားလိုက်သည်၊
"နေမင်း ဒါက ..."
"ဒါကို့ ကားဘဲကလေး လာနေ့လည်စာသွားကြမယ်"
"အင်း "
(စစ်စစ် ဇာတ်လိုက်မဘာလုပ်နေလဲ)
(အဖိုးကြီးနဲ့ papapa ဖို့ချိန်း​နေတယ် host)
(သူတို့ရဲ့ HDကိုရိုက်ထားတစ်ချိန်အသုံးဝင်လိမ့်မယ် ).
(Yes host ကြည်လင်ပြတ်သားအောင်ရိုက်ထားပါမယ့် ဒါနဲ့Host HDရောဘယ်တော့
ကြည့်ရမလဲ)
(ဒီမအေ ဘာHDလဲ သေချင်လို့လား#$%&*)
"ကလေးနေမကောင်းဘူးလား မျက်နှာတွေနီနေတာဘဲ "
"ဟို...​ကောင်း ပါတယ် ဘာမှမဖြစ်ပါဘူး "
"ကိုယ့်ကို မေးစရာမရှိဘူးလား"
နေမင်းဘာပြောလဲဆိုတာသူသဘောပေါက်တဲ့အတွက်ပြုံးပြကာ...
"ဟင့်အင်း အရာရာတိုင်းကို လူတိုင်းကိုပေးသိစရာမလိုဘူးလေ ငါနားလည်ပါတယ် "
စားသောက်ဆိုင်ရောက်တော့စားစရာတွေမှာ
ပြီးစားနေချိန် ...
( Host! ဇာတ်လိုက်မက host ကိုနာမည်
ဖျက်ဖို့ကြံနေတယ်)
"အဟွတ် အဟွတ်"