part8.1
16.3K 1.3K 17
"မင်း ကြီးအဆင်ပြေရဲ့လား"
"တိတ်တိတ်နေခေါင်းကိုက်ရတဲ့ကြားထဲ"
"သမားတော်ခေါ်...."
"စားဖို့ဘဲပြင်ပေးသွားတော့"
ထိုလူထွက်သွားတာနဲ့ စစ်စစ်ကဇာတ်ကြောင်း
ပို့ပေးလာသည်။
(ဇာတ်ကြောင်းလက်ခံပါhost)
ဇာတ်လိုက်က လီရှင်းစီ ဖြစ်ပြီး အမတ်ချုပ်ရဲ့တရားမဝင်သားလဲဖ်းသည်၊ဇာတ်လိုက်မက စုလင်းရီဖြစ်ပြီးအမတ်ချုပ်ကြီးရဲ့သမီးကာ သူမက
မင်းကြီးရဲ့မိဖုရားတစ်ပါးလဲဖြစ်သည်။ သူမနဲ့ လီရှင်းစီဟာ ဖအေတူမအေကွဲမောင်နှဖြစ်ပေ
မယ့် သူတို့ဟာမင်းကြီးကွယ်ရာတွင်​ဖောက်ပြား
ခဲ့ကြသည်။ ရှင်းစီကတော့ မင်းကြီးကိုမနာလိုကာ ပုန်ကန်ရန်အစီဆွဲပြီး စုလင်းရီကတော့
မင်းကြီးထံမှယုံကြည်မှူရ ရန်မင်းကြီးအကြိုက်
ဆောင်နေပေးပြီးနောက်ကျောဓားထိုးရန်ပြင်ခဲ့
ကြသည်။ တစ်​နေ့တွင်မထင်မှတ်ဘဲ စုလင်းရီ ဟာကလေးတစ်ယောက်ရလာခဲ့ပြီး မင်းကြနဲ့ရသည့်ကလေးအဖြစ် သတင်းလွင့်ခဲ့သည်။
ကလေးမွေးပြီးသည်နှင့် မင်းကြီးက သူ့သား
တော်လေးအားသားအရင်းထင်ကာ ဖူးဖူး
မှုတ်ထားသည်။ စုမိဖုရားဟာလဲ ကလေးမွေးပြီးထဲက ထိုက​လေးဟာမင်းကြီးနဲ့ရုပ်ချင်း
ဆင်တာကြောင့် ထိုက​လေးအား နို့မတိုက်
သည့်အပြင်ချီတောင်မချီခဲ့ပေ။ ဒါကြောင့်မင်းကြီး
ကဘဲ နို့ထိန်းရှာကာ ကလေးအားပြုစုခဲ့သည်၊
သူဝင်ထားတဲ့ကိုယ်က လီနိုင်ငံရဲ့အရှင်
လီရှင်းဟန်ဖြစ်ပြီးအသက်၁၆နှစ်မှာနန်းတက်
ကာအသက်၁၈နှစ်ဖြင့် အမတ်ချုပ်သမီးအား
မိဖုရားမြောက်ခဲ့သည်။ထိုမိန်းကလေးက
သူ့ရဲ့ ဖ​အေတူမအေကွဲအစ်ကိုနဲ့ဖောက်ပြားခဲ့ပြီး ကလေးတစ်​ယောက်ရလာသည်ထိသူမတို့ကကျူးလွန်ခဲ့ကြပြီး လီရှင်းဟန်ရဲ့ကလေးအဖြစ်
မျက်နှာပြောင်တိုက်ခဲ့ကြသေးသည်။ သူမက သားဖြစ်သူကိုပြုစုဖို့နေနေသာသာ ငယ်ရွယ်
သည့်ကလေးအား ကျွဲနွားရိုက်သလို ရိုက်ကာ
နှိတ်ဆက်တတ်သည်။ဒါတွေကလဲ ထိုကလေးကကြီးလေ လီရှင်းဟန်နဲ့တူလေဖြစ်တာကြောင့် သူမအမုန်းကိုထိုကလေးအပေါ်ပုံချခဲ့ခြင်းဖြစ်
သည်။ မင်းကြီးက ကလေးအား အနားသို့​ခေါ်ထားကာ သူမရန်ကကာကွယ်​ပေးခဲ့ပေမယ့် က​လေးဟာထိုဒဏ်တွေကြောင့်ဘဲ သေဆုံးခဲ့ရပြီး မကြာခင်မှာဘဲ သူမနဲ့မွေးစားညီရဲ့ပုန်ကန်မှူကိုခံရကာ လီရှင်းဟန်လဲသေဆုံးခဲ့သည်။