Real life 4
7.7K 673 8
ဒိုင်ယာရီက ပန်းနတ်သမီးသူတို့အနားလာတာ
မြင်သည်နှင့် ဧကမောင်အပေါ်သို့ခုန်တက်လိုက်
သည်။
"မောင် "
"ဗျာ "
"ခ်ခ် ဘာမီမဟုတ်ဘူးခေါ်ကြည့်တာ"
ပန်းနတ်သမီးကတော့ မျက်နှာကြီးရဲကာ
အန်ကျိတ်ထားလိုက်သည်။
" ကျမနန်းဆောင်မှာပွင့်တဲ့နှစ်၁၀၀၀ပန်းနဲ့စိမ်
ထားတဲ့လက်ဖက်ရည်ကို ဧကရီကိုသောက်စေ
ချင်လို့လာပို့တာပါအရှင်"
"ထားခဲ့"
ဘေးက ဧကနောင်ကတော့လက်ဖက်ရည်နံ့
ကြောင့် မူးလာသလိုဖြစ်တာကြောင့် မျက်စိ
မှိတ်ထားပေမယ့် လည်ချောင်းကတစ်ခုခုတိုး
ထွက်နေသလိုခံစားရတာကြောင့် အန်ထုတ်
လိုက်မိသည်။
"အဟွတ် "
"အစ်ကိုတော်! "
ဒိုင်ယာရီတို့လဲ သွေးအန်လာသည့်ဧကနောင်
ကြောင့်လန့်သွားကြသည်။ ဧကမောင်က
အစောင့်တွေ့ကိုခေါ်ကာ...
"လာကြစမ်း ပန်းနတ်သမီးကိုဖမ်းချုပ်ထား
ကန့်သတ်နယ်မြေထဲသွားပြီးအပြစ်သားရဲ့
အမြုတေကိုယူလာတာကြောင့်သူမကို
မနက်ဖြန်တရားစီရင်မယ်"
"အ..အရှင် ကျမမလုပ်ပါဘူး ယုံပါ"
" ဟမ့် ခေါ်သွားကြတော့"
ပန်းနတ်သမီးကိုခေါ်သွားပြီးမှ ဧကမောင်က
ရေနွေးကြမ်းငှဲ့ကာ အစ်ကိုဖြစ်သူအားတိုက်
လိုက်သည်။ ခနနေမှဧကနောင်ကသက်လာလာတာကြောင့် ဧကမောင်က
" ဟူးး...ဟန် တစ်ယောက် တစ်ခါသေမလိုဖြစ်
ပြီးတာတောင်ခုထိရူးမိုက်တုန်းဘဲ"
"ဘာကိုပြောတာလဲ ညီတော် ဟန်ကဘာလို့
သေမလိုဖြစ်ရမှာလဲ ဟမ့်သူ့ကြောင့် ငါ့ချစ်သူ
သေဆုံးခဲ့ရတယ်လေ သူကဘာကိစ္စသေမလို
ဖြစ်ရမှာလဲ"
" ဟန် ကိုသနားလို့ကျတော်ပြောတော့မယ်
အမှန်က အစ်ကိုတော်ရဲ့ချစ်သူက ကောင်းကင်
ဘုံကိုအုပ်ချုပ်ချင်လို့အစ်ကို့နားချဉ်းကပ်လာတာ
အဲ့ဒါကို ဟန်ကသိတယ် ဟန်ကဆိုးပေမယ့်
အစ်ကိုတော်ကိုသူဘယ်လောက်ချစ်လဲဆိုတာ
ဘေးကကျတော်တောင်မြင်ရတယ် အဲ့နေ့က
အစ်ကိုတော်အိပ်နေချိန် အစ်ကို့ ချစ်သူက
အစ်ကို့အသက်ဓာတ်ကိုထုပ်မလို့ကြံနေတာ
ဟန်ကမြင်ပြီးသတ်ပစ်လိုက်တာ သူဒေါသကြီးတာသိတယ်မလား အဲ့လူကြောင့်အစ်ကိုတော်
မေ့မြောပြီး အသက်လုနေချိန်မှာဟန်က
သူနှလုံးသားထုတ်ပြီး အစ်ကိုတော့်ကို
ကယ်ခဲ့တာ သူ့မှာအမြုတေရှိနေလို့အသက်
ရှင်တာ မဟုတ်ရင် သူသေတာကြာပြီး
အခု....အခုပန်းနတ်သမီးကသူ့အမြုတေကိုယူလာတော့ သူ...သူ"