CHAPTER 3 - Extraordinarily Jealous

12.6K 2K 212
                                    

Unicode

စုန့်ရီတွန့်ဆုတ်ဆုတ်နဲ့ပဲ လက်ဆွဲနှုတ်ဆက်လိုက်တယ်။ တကယ်လို့ ဒါကအလုပ်ကိစ္စနဲ့ပတ်သတ်တဲ့တွေ့ဆုံပွဲမျိုးမဟုတ်ရင် သူကုရှင်ချွမ်းကိုသတ်ပစ်ပီးလောက်ပီ။

ကုရှင်ချွမ်းကသူနဲ့အိပ်ခဲ့ရုံတင်မကဘူး သူကရှန်းလီကိုပေးဖို့ရည်ရွယ်ထားတဲ့ လက်စွပ်က်ုတောင်ဝတ်လာသေးတယ်။

ငါကဒါကိုဘယ်လိုတောင်စိတ်သဘောထားပြည့်ပြည့်နဲ့ တွေးပေးရမှာလဲ?

တာဝန်ခံကသူတို့နှစ်ယောက်ကိုထိုင်ဖို့ပြောလိုက်ပီး ရှင်းပြတယ် "ကုရှင်ချွမ်းက ဒီကားထဲမှာခေါင်းဆောင်မင်းသားပါ ဒါပေမဲ့ဇာတ်ကားစရိုက်ရင်ပွက်လောရိုက်သွားစေဖို့ သူ့ကိုချမပြသေးတာ"

ကုရှင်ချွမ်းကခုတလောမှာအရမ်းရေပန်းစားနေပီး လမ်းတိုင်းမှာလဲသူ့မျက်နှာတွေချည်းပဲ(posterတွေဘာတွေဖြစ်လောက်တယ်)။ သူ့ကိုသေလောက်အောင်ကြိုက်ပီး အရူးအမူးဖြစ်နေကြတဲ့မိန်းကလေးတွေဆိုတာကလဲ အပုံအပင်။ သူကစီးပွားရေးအရတန်ဖိုးအရှိဆုံးသောအနုပညာရှင်အဖြစ်ရွေးချယ်ခံရပီး Brand A ရဲ့ ကျော်ကြားတဲ့ spoken person လဲဖြစ်တယ်။

ဒီကားက ကုရှင်ချွမ်းပထမဆုံးအနေနဲ့ရိုက်မဲ့ကားဖြစ်တယ်။ ဇာတ်ကားကအခုထိစတောင်မစရသေးဘူးဆိုပေ​မဲ့ သူ့ရဲ့ကြီးမားတောင့်တင်းတဲ့ fan base ကြောင့်သေချာပေါက်​အောင်မြင်လိမ့်မယ်။

စုန့်ရီကဟန်လုပ်ပြုံးပီး ပြောလိုက်တယ် "ကျွန်တော်အနေနဲ့ ဒီလိုကျော်ကြားတဲ့အနုပညာရှင်နဲ့လက်တွဲလုပ်ရတာ တကယ်ကံကောင်းတာပဲ"

ကုရှင်ချွမ်းကသူ့ကိုအေးစက်စက်တစ်ချက်စိုက်ကြည့်ပီး သိပ်မကြာခင်မှာပဲခေါင်းငုံ့ပီး သူ့ဖုန်းကိုသူကြည့်နေတယ်။

တာဝန်ခံကစုန့်ရီကိုကို့ရို့ကားယားနိုင်စွာကြည့်လာတယ်။ ကုရှင်ချွမ်းကအနုပညာအသိုင်းအဝိုင်းမှာ ပေါင်းသင်းရခက်တဲ့အနုပညာရှင်အဖြစ်ကျော်ကြားတယ်။ သူ့အဖေရဲ့နာမည်ကို တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးစာရင်းထဲမှာရှာလို့ရတယ်။ ကုရှင်ချွမ်းကငွေးရေးကြေးရေးနဲ့ပတ်သက်ပီး ဘာမှဂရုမစိုက်ဘူး သူကြိုက်တာသူလုပ်မယ်။ သူသဘောမတူဘူးဆိုသူကခေါင်းလေးခါလိုက်ရုံပဲ သူ့အနုပညာလုပ်ငန်းကသူ့စိတ်သဘောအတိုင်းပဲ ဘယ်သူမှဝင်စွက်ဖက်လို့မရဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now