"ပြော....ခေါ်ရတဲ့ အကြောင်းအရင်း။"
သွင် civil ဆောင်ထိ လိုက်သွားတော့
ခွန်းသက်တန့် တစ်ယောက်တည်း အပြင်တွင်ဝရန်တာကို လက်ဖြင့်ထောက်ရင်း
ခပ်ဝေးဝေးမှ လယ်ကွင်းတွေကို
ငေးကြည့်နေသည်။သူရောက်လာတော့မှ အနည်းငယ်
ကိုင်းထားသော ခါးကို မတ်ရင်း
သူ့ဘက်သို့ လှည့်ကြည့်လေသည်။"မင်း ကားမောင်းတတ်လား။"
သွင် အူကြောင်ကြောင်ဖြင့် ခေါင်းငြိမ့်လိုက်ရင်း
"အင်း..မောင်းတတ်ပါတယ်။ ဘာလို့လဲ။"
သွင် တစ်ခုခုကို သတိထားမိဟန်ဖြင့် မျက်လုံးကြီးပြူးကာ
"အတန်းလစ်ချင်တယ်လို့တော့ မပြောနဲ့နော် ဟျောင့်။"
"အတန်းလစ်ချင်လို့။"
သူက မင်သေသေဖြင့် ပြန်ဖြေတော့ သွင့်မျက်နှာကြီး ရှုံ့တွသွားလေသည်။
"လစ်ချင်ရင်လည်း မင်းသူငယ်ချင်းတွေနဲ့ လစ်လေကွာ။ ငါတို့ EC တန်းက ဆရာတွေက ကြပ်တယ်ကွ။ လစ်ချင်တိုင်း လစ်လို့ရတာ မဟုတ်ဘူး။"
"သဘောတူညီချက်ထဲမှာ မင်းရဲ့ အရေးကြီးဆုံးတွေတောင် ချထားခဲ့ရမယ်ဆိုတာ ပါတယ်။ အများကြီး မပြောချင်ဘူး ဟျောင့်။ ဒီမှာ ကားသော့။"
သူက ပြောရင်းနဲ့ ကားသော့ကို ပစ်ပေးသဖြင့် သွင့်မှာ ရုတ်တရက် လှမ်းဖမ်းလိုက်ရသေးသည်။
ကားသော့ကို ပစ်ပေးပြီး
သကောင့်သားက ရှေ့မှ ထွက်သွားသဖြင့်
သွင်လည်း ခဲဆွဲထားသော
ခြေလှမ်းတွေဖြင့် လိုက်ရလေတော့သည်။"ကဲ....ပြော။ ဘယ်ကို မောင်းတော်
မူရမလဲ။"ရုတ်တရက်ဆိုသလို သွင့် ဂျိုင်းနှစ်ဖက်ကနေ ဆွဲမပြီး သူထိုင်နေသည့်ဘက်သို့ ဆွဲယူလိုက်ပြီး သူက သွင်ထိုင်နေသည့် မောင်းသူနေရာသို့ ပြောင်းထိုင်လိုက်လေသည်။
ရုတ်တရက် မသိရင် လူကို သူ့ပေါင်ပေါ်ဘဲ ဆွဲထိုင်ခိုင်းတော့မည့်အတိုင်း။
ရုတ်တရက် လူက ရင်တောင်တုန်သွားတယ်။
"စိတ်ပြောင်းသွားပြီး မင်းကိုယ်တိုင် မောင်းတော့မလို့လား။"
YOU ARE READING
လျှို့ဝှက်သော ပင်လယ်
Romanceနာကျင်မှုတွေက ငါတို့နှစ်ယောက်ကြားက ပေါင်းကူးတံတားတစ်စင်းဘဲ။