အခန်း-၂၉

155 6 0
                                    

ဖုန်းလာနေသောကြောင့် ဝရန်တာတွင် ထွက်ရပ်နေရာမှ အထဲသို့ ဝင်လာခဲ့လိုက်သည်။

"ပြော....လွင်ထက်။"

"ခွန်း....ဒီသင်္ကြန်ရက်တွေ မင်း ဘယ်ဆိုဘယ်မှ လျှောက်လည်ဖို့ အစီစဉ် မရှိတော့ဘူးလား။"

ခွန်း တစ်ဖက်မှ စိတ်မပါတပါ ပြုံးလိုက်ပြီး

"ဘာကိုမှ စိတ်မပါဘူးကွာ။"

တစ်ဖက်မှ လွင်ထက်၏ သက်ပြင်းချသံ သဲ့သဲ့က ခွန်းနားစည်ထဲသို့ ရိုက်ခတ်လာသည်။

"ငါတို့လည်း အစက စီစဉ်ထားတာက
မင်းနဲ့သွင်နဲ့ကို နဂိုအတိုင်း
ပြန်ဖြစ်အောင်လို့ဆိုပြီး သင်္ကြန်မှာ
လည်ဖို့ ဟန်လင်းတို့နဲ့တောင်
တိုင်ပင်ပြီးနေပြီ။"

"......."

ခွန်းဆီက ဘာသံမှ ထွက်မလာသဖြင့် လွင်ထက်က ဆက်ပြောနေလေသည်။

"သွင်က ရုတ်တရက်
ဘာမပြောညာမပြောနဲ့ အံ့မင်းကိုပါ အစီအစဉ်ထဲ ဆွဲသွင်းလာတယ်လေ။
ငါ နည်းနည်းတော့ ပေါက်သွားတယ်ကွာ။
ငါတို့နဲ့ အံ့မင်း ဘယ်လိုအနေအထားလည်းဆိုတာ သိရဲ့သားနဲ့။"

ခွန်း ခပ်ဟဟ ရယ်လိုက်သည်။

"အခု မင်း ငါ့ကို ဒီအစီအစဉ်မှာ လိုက်စေချင်တာလား။ မလိုက်စေချင်တာလား။"

"ငါကတော့ မလိုက်စေချင်ဘူး။"

လွင်ထက်က အမှန်တကယ် စိတ်ဆိုးနေလေသည်။

"ဟား...ဟား။ အဲ့ဒါဆို ဘာလို့ ဖုန်းဆက်နေသေးလဲ။"

"ဒီတိုင်းကွာ....။ သွင်နဲ့ အဲ့ကောင်ကိုလည်း လွှတ်မထားချင်လို့။"

ခွန်း သက်ပြင်းချလိုက်မိသည်။

"ငါ မလိုက်ဘူး လွင်ထက်။"

"ထင်ပါတယ်။ ငါတောင် လိုက်ချင်စိတ်မရှိတဲ့ဟာ။"

"......."

"အေးပါကွာ။ ငါတို့နှစ်ယောက်တော့ လိုက်သွားမယ်။ ဟန်လင်းတို့နဲ့ ပြောပြီးသားတွေ ဖြစ်နေလို့။"

"အင်း....ကောင်းကောင်း ပျော်ခဲ့ကြ။"

"အေးပါကွာ။ ပျော်ခဲ့ပါ့မယ်။"

ဖုန်းချပြီးတာနဲ့ ခွန်းလည်း ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်သည်။

လျှို့ဝှက်သော ပင်လယ်Where stories live. Discover now