"သွင်...."
ခေါင်းလျှော်ပြီး ထွက်လာသော သွင့်ကို ဟန်လင်း လှမ်းခေါ်လိုက်သည်။
ခေါ်သံက အနည်းငယ် တုန်ရီ လှိုက်ခါနေသလိုပင်။
သွင်က လှည့်ကြည့်လိုက်တော့
"ခွန်း အမေရိကားကို ထွက်သွားပြီတဲ့။"
ရုတ်တရက် သွင့်ရင်ထဲမှာ ဟာပြီးအေးခနဲ ဖြစ်သွားသည်။
မမျှော်လင့်ဘဲ ကြားလိုက်ရလို့လား မသိ။
ခေါင်းထဲမှာလည်း ဟာလာဟင်းလင်း ဖြစ်သွားသည်။
"ဘယ်တုန်းက သွားလိုက်တာလဲ။"
သွင်က ကြောင်ပြီး ငေးနေဆဲ စိုင်းခန့်က
မေးလိုက်ခြင်းဖြစ်သည်။"မနေ့ညက တဲ့။"
သွင့် မျက်လုံးထဲမှာ ဘာမှမမြင်တော့။
စိုင်းခန့်တို့ ဟန်လင်းတို့ ပြောတာကိုလည်း ဘာတစ်ခုမှ မကြားတော့။
သွင် အသိမဲ့စွာ ထွက်လာခဲ့လိုက်သည်။
အောက်သို့ရောက်တော့ တွေ့တဲ့ taxi ကို လှမ်းတားပြီး နေရာတစ်ခုကို ပြောလိုက်သည်။
Taxi က နှေးလွန်းသည်ဟု ခံစားမိသဖြင့် အမြန်ဆုံး မောင်းခိုင်းနေမိသည်။
သူသွားမည့် နေရာရောက်တော့
ကားပေါ်မှ ပြေးဆင်းပြီး အပေါ်သို့လည်း တောက်လျှောက်ပြေးတက်လာခဲ့မိသည်။သူ မောနေပေမယ့် မရပ်နားမိ။
အခန်းရှေ့ရောက်တော့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်ပြီး အခန်းထဲသို့ ဝင်ခဲ့လိုက်သည်။
ခွန်းရဲ့အခန်းတစ်ခုလုံးက ခွန်းအငွေ့အသက်တို့ဖြင့် လွှမ်းခြုံနေလေသည်။
သွင့်ပါးပေါ်မှာလည်း မျက်ရည်တို့ဖြင့် စိုစွတ်နေသည်။
သူ မသိခဲ့လိုက်ဘူး။
မြန်မြန်ဆန်ဆန်ကြီး ထွက်သွားလိမ့်မယ်လို့။
ခွန်းနဲ့ပက်သတ်တဲ့ သူ့နှလုံးသားကို အကြိမ်ကြိမ်တုပ်နှောင်ခဲ့ပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ သူ အရုပ်ကြိုးပြတ်နေမိပီ။
YOU ARE READING
လျှို့ဝှက်သော ပင်လယ်
Romanceနာကျင်မှုတွေက ငါတို့နှစ်ယောက်ကြားက ပေါင်းကူးတံတားတစ်စင်းဘဲ။