ယခုရက်ပိုင်းတွင်တော့ သွင် ခွန်းနဲ့
ညနေပိုင်းလောက်သာ တွေ့ဖြစ်လေသည်။ ခွန်းကလည်း training အပြင်းအထန်
ဆင်းနေရသလို သွင်ကလည်း
သီချင်းအတွက် ပြင်နေရသည်။ညနေပိုင်း သူ့ကားမောင်းပေးသည့်
အချိန်လောက်သာ တွေ့ဖြစ်တော့သည်။ဒီနေ့လည်း ခွန်းမလာသေးသဖြင့်
ကားထဲဝင်စောင့်နေရင်း
အိပ်ပျော်သွားလေသည်။ညာဘက်ပါးလေးပေါ်ကို တစ်စုံတစ်ခုက
နူးနူးညံ့ညံ့ထိတွေ့တော့မှ သွင် နိုးလာသည်။သွင် မျက်လုံးတို့ကို လက်နှစ်ဖက်ဖြင့်
ပွတ်လိုက်ပြီး"မင်းရောက်တာ ကြာသွားပြီလား။"
"သိပ်မကြာသေးပါဘူး။"
သွင် ကားစက်နှိုးပြီး ကျောင်းထဲမှ
ထွက်လိုက်သည်။"မင်းရဲ့ သီချင်းအခြေအနေရော
ဘယ်လိုလဲ။""သီချင်းက အဆင်ပြေပါတယ်။
ဒါပေမယ့် ငါ ဘဝင်မကျသေးဘူး။
မင်း harmonica လေး ဝင် join
ပေးလေကွာ....နော်။"သွင်က ခခယယ ပြောသော်လည်း
ခွန်းက မျက်လုံးမှိတ်ထားလျက်က
ခေါင်းခါပြလေသည်။သွင် သက်ပြင်းချလိုက်ပြီး
"လူမှုရေး တော်တော်ခေါင်းပါးတဲ့ကောင်။"
ပါးစပ်က ပွစိပွစိနှင့် ဆီမန်း
မန်းနေလေသည်။သွင့်ရဲ့ မကြားတကြား ဆီမန်းကြောင့်
ခွန်း မျက်လုံးမှိတ်ထားရာမှ ပြုံးမိသည်။"သန်ဘက်ခါ ပြိုင်ပွဲစပြီ။ အဲ့ဒီနေ့ကစပြီး တောက်လျှောက် မင်းလိုက်ခဲ့။"
"မင်းမပြောလည်း ငါ လိုက်ဖို့ စီစဉ်ပြီးသား။ ဟန်လင်းတစ်ယောက်လုံး ပါနေတဲ့ဟာ။"
"မင်းကို ပွဲကြည့်ပရိတ်သတ် လုပ်ခိုင်းဖို့ ခေါ်တာ မဟုတ်ဘူး။"
"သိပါတယ်။ မင်းရဲ့ TTMY အနေနဲ့ ခေါ်မှန်း။"
ခွန်း ရယ်ချင်သွားသော မျက်နှာကို
ထိန်းလိုက်ပြီး ကားမောင်းနေသော
သွင့်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ပြီးတော့ ဘာတစ်ခွန်းမှ
မပြောတော့ဘဲ အိမ်ရောက်သည်အထိ
ငြိမ်သက်စွာ မျက်လုံးမှိတ်ထားလေတော့သည်။
YOU ARE READING
လျှို့ဝှက်သော ပင်လယ်
Romanceနာကျင်မှုတွေက ငါတို့နှစ်ယောက်ကြားက ပေါင်းကူးတံတားတစ်စင်းဘဲ။