CHAPTER 5 - C fan anchor

11.2K 1.8K 52
                                    

Unicode

သူ့ရဲ့အကြိုက်ဆုံး UP master နဲ့ကြုံကြိုက်နေတာမို့ စုန့်ရီရဲ့နှုတ်ခမ်းတွေမှာအပြုံးတစ်ခုဖြစ်တည်နေပီး keyboard ပေါ်မှာလက်ချောင်းတွေကိုဖြည်ချင်းစွာရွေ့လျားစေပီး ခြေတံရှည်ကောကောကို private message တစ်ခုပို့လိုက်တယ်။

[Macbeth]: အစ်ကို့ရဲ့သူငယ်ချင်းကသူ့ဘဝအခက်အခဲတွေကနေ ဖြစ်နိုင်သမျှမြန်မြန်လွတ်ကျွတ်လာနိုင်​ဖို့ကျွန်တော်မျှော်လင့်ပါတယ်! သီချင်းထဲကလိုပဲ "လေပြင်းတွေ လှိုင်းလုံးတွေကိုစီး မင်းရဲ့လှေလေးကိုပဲ့ကိုင်ပီး ပင်လယ်ပြင်ကိုရွက်လွှင့်နိုင်ဖို့ကိုယ်ဆုတောင်းတယ် ဘာကြောက်ရွံ့မှုမှမရှိဘဲ မင်းရဲ့ဘဝကိုမင်းကြိုက်သလိုထိန်းကျောင်းနိုင်ဖို့ဆုတောင်းပေးနေတယ်" ပေါ့ဗျာ။

စုန့်ရီက screen ကိုစိတ်လှုပ်ရှားစွာကြည့်နေတယ်။ သူအရမ်းကြီးတက်ကြွ​သလိုများဖြစ်နေလားမသိဘူး။

Screen ပေါ်မှာတော့ သူ့ရဲ့ message ကိုဖတ်ပီးသွားလို့ ခြေတံရှည်ကောကောကreply ပြန်ဖို့ type နေတယ်ဆိုပီးပြသနေတယ်။ စုန့်ရီရဲ့နှလုံးသားကလည်ပင်းကနေထွက်ကျတော့မလိုဖြစ်နေပြီ။

[ခြေတံရှည်ရှည်နဲ့ကောကော]: O(∩_∩)O HaHa~  ကျေးဇူးတင်ပါတယ် ရှောင်ဘိုင်။
(Macbeth ကတရုတ်လိုဆို Maike Baiတဲ့)

သူကတကယ်ဒီလို emoji လေးသုံးပီးပြောတာတဲ့။ အပြင်ဘက်မှာ သူကချစ်စရာကောင်းလေးတစ်ယောက်ဖြစ်လောက်တယ်။

စုန့်ရီက​ပျော်ရွှင်စွာပြုံးလိုက်ပီး ဘာပြန်ပီးပြောရင်ကောင်းမလဲဆိုပီး စဥ်းစားလိုက်တယ် "အစ်ကိုကဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော်သိချင်မိတယ်..."

ခြေတံရှည်ကောကောကအမြဲတမ်းအရမ်းလျှို့ဝှက်ပီး သူ့မျက်နှာကိုတစ်ခါမှမပြဖူးဘူး။

ဒါပေမဲ့သူ့ရဲ့နေထိုင်မှုဘဝကကောင်းမွန်မယ်လို့ ​သူ့ရဲ့နေ့တိုင်းအသံလွှင့်မှုတွေကနေ စုန့်ရီကောက်ချက်ချမိတယ်။ သူကအင်္ဂလိပ်သီချင်းတွေကို အဆင့်မှီတဲ့အသံထွက်​တွေ​​နဲ့ဆိုလေ့ရှိတယ်။ သူစကား​ပြောရင်လဲရှင်းလင်းပြတ်သားပီး ယုတ္တိရှိတယ်။ သူကကောင်းမွန်တဲ့မိသားစုတစ်ခုရဲ့ သင်ကြားမှုရရှိခဲ့တယ်လို့ပြောနိုင်တယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now