CHAPTER 7 - One more

10.9K 1.8K 100
                                    

Unicode

ဖုန်းပေါ်က သတိပေးစာကိုစုန့်ရီညနေလောက်မှတွေ့ခဲ့တယ်။ သူကစုန့်ကျဲကို ရက်အနည်းငယ်​ထပ်နေပီး လကုန်လောက်မှပြန်လာဖို့ တည်တည်ငြိမ်ငြိမ်ပဲလှမ်းပြောလိုက်တယ်။စုန့်ကျဲကလဲကြိုခန့်မှန်းမိလို့ဖြစ်နိုင်တယ် ဘာမှအထွန့်မတက်ဘဲ သဘောတူတယ်။

အဲ့ဒီသတိပေးစာကို ss ရိုက်ပီးတရားရင်ဆိုင်ရတဲ့အခါတရားသူကြီးသိစေဖို့ ရှေ့နေဆီကိုသက်သေခံတစ်ခုအဖြစ်ပို့လိုက်တယ်။ စုန့်ရီဆီကနေဒီလိုခြိမ်းခြောက်စာလေးတစ်ခုနဲ့ပိုက်ဆံရဖို့လွယ်​တယ်များထင်နေလားမသိဘူး။

နောက်​နေ့မှာ​တော့ ကုရှင်ချွမ်းကငြိမ်ငြိမ်မနေနိုင်တော့ဘူး။ သူကခြေထောက်ကိုထိမိကတည်းက အပြင်မထွက်ရတာ တစ်ပတ်တောင်ကျော်နေပီ။ သူအိမ်ထဲမှာနေရတာပျင်းရိနေပီး ဆံပင်တွေလဲပိုရှည်လာပီ။

စုန့်ရီအရင်တုန်းက မြို့ပြင်နားက homestay တစ်ခုကိုသွားလေ့ရှိတယ်။ အဲ့ဒီမှာ ငါးဖမ်းလို့လဲရတယ် မြင်းစီးလို့လဲရတယ် ယုန်လေးတွေကိုလဲအစာကျွေးလို့ရသေးတယ်။ ဒီနေရာကခရီးတိုလေးတစ်ခုထွက်ဖို့သင့်တော်တယ်။ အရေးကြီးဆုံးအချက်ကတော့ ဒီရာသီမှာလူတွေလဲနည်းပီး fan တွေ သတင်းထောက်တွေနဲ့​ဆုံမှာလဲစိုးရိမ်စရာမလိုဘူး။

"ငါးမျှားမှာဟုတ်လား?" ကုရှင်ချွမ်းကအဲ့ဒါကိုကြားတော့နှာရှုံ့လိုက်တယ် "စုန့်ရီမင်းကအခု အသက်လေးဆယ်ကျော်အဖိုးကြီးလားဟမ်?"

ဒီမှာပြဿနာရှိနေတာက ငါးမျှာတယ်ဆိုတာကလူငယ်လေးတွေအတွက်တော့ ပျင်းစရာကိစ္စကြီးလေ။ ကုရှင်ချွမ်းလိုကြုံခိုင်ဖြတ်လတ်တဲ့လူမျိုးတွေက basketball ကစားတာတို့ နှင်းလျှာစီးတာတို့ ရေလွှာလျှောစီးတာတို့ တစ်ခါတစ်လေမှာ လေထီးခုန်ခြင်း အဲ့လိုမျိုးကစားရတာပဲကြိုက်တယ်။ ဘဝကစိတ်လှုပ်ရှားစရာအပြည့်ပဲ။

သူလိုလူမျိုးကိုငါးမျှားခြင်းလိုမျိုး တစ်နေရာထဲမှာပဲငြိမ်ငြိမ်လေးထိုင် စကားလဲကျယ်ကျယ်မပြောရနဲ့ သေလောက်အောင်မပျင်းရဘူးပြောတာမျိုးက Zhang Fei* ကိုပန်းထိုးခိုင်းတာနဲ့မခြားဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now