စာကိုယ်-၅(U+Z)

4K 435 59
                                    

Unicode

ဒီနေ့တော့ နေရီက ညို့ကို ခေါ်ကာ ဗိုလ်ချုပ်ဈေးထဲ အတူတူဈေးဝယ်ထွက်ဖြစ်ကြသည်။

" ညိုက အသားနည်းနည်းညိုတော့ အသားဆောင်အောင် ဒီအဝါရောင်လေးယူလိုက်မယ်နော်"

" ဒီအဖြူပွင့်လေးလည်းယူဦးမယ် ။ ညိုနဲ့ဆိုသိပ်လိုက်မှာ"

"ဒီအနီရဲရဲလေးလည်း လှတယ်မလားညို ၊ တို့နှစ်ယောက်ဆင်တူဝတ်ရင်ကောင်းမလား၊ နွားလိုက်ခွေရင်တော့ လွတ်အောင်ပြေးမှဘဲ "နေရီရီက အထည်ဆိုင်ထဲက ပိတ်စတွေကို ဟိုဟာဆိုလည်းညိုနဲ့လိုက်တယ်ဆို ဝယ်လိုက်၊ ဒီဟာဆိုလည်းညိုနဲ့လှတယ်ဆိုဝယ်လိုက်နဲ့ ညိုလက်ထဲမှာ သူ့လက်ထဲမှာပါ အထုတ်အပိုးတွေပြည့်နေပြီဖြစ်သည်။

" ညို ဒီအညိုလေး.."

"တော်ပြီလေ နေရီရယ်။ ညို့အတွက်က ဒီလောက်မလိုတော့ပါဘူး။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဝယ်ထားတာတွေလည်း ဒီလောက်တောင်များနေပြီဘဲကို "

"အို ညီမလေးကလည်း မမက စေတနာနဲ့ဝယ်ပေးတာကို ဘာလို့ငြင်းနေရတာလဲလို့"

" ဟုတ်သားဘဲ ၊ စီက ညီမလေးကလည်း၊ ကိုယ့်အစ်မက စီတနာနဲ့ဝယ်ပေးတာဘဲ၊ ဝယ်ပေးတုန်း ယူသာယူထားလိုက် ၊ ဝတို့များ စီလို ရုပ်ချော သဘောကောင်းအစ်မမျိုးလိုချင်စမ်းပါဘိ ဟဲဟဲ" အထည်ဆိုင်ပိုင်ရှင် တရုတ်ကြီးက ဘေးနားက သွားအဖြီးသားနဲ့ ဝင်ပြောသည်။ ဈေးသည်တို့သဘာဝအတိုင်း နေရီ့လို အဝယ်ကြမ်းသည့် ဈေးဝယ်သူဆိုအကြိုက်ပေါ့။

" အေးလေ အေးလေ ၊ မမကကိုယ့်ညီမလေးကို ချစ်လွန်းလို့ အများကြီးဝယ်ပေးဦးမှာ"နေရီ့မျက်နှာ ပြီတီတီ ပြုံးစစကိုကြည့်ရင်း ညိုကတော့ မျက်စောင်းသာ အခါခါထိုးလိုက်တော့သည်။ လူကြားထဲမှာသာ မဟုတ်ရင် နေရီ့လိုပြောရဆိုရခက်တဲ့ မိန်းကလေးကို ဗိုက်ခေါက်ဆွဲလိမ်ပစ်လိုက်ပါတယ်။

တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဈေးဝယ်လို့ဝသွားသည့်နောက် သူတို့ ဗိုလ်ချုပ်ဈေးထဲကခေါက်ဆွဲဆိုင်မှာ ဝင်စားဖြစ်ကြသည်။

" ညို ပါးစပ်ဟလေ အာ.."

" ဟာ နေရီကလည်း မဟချင်ပါဘူး။ ဘေးနားမှာ လူတွေနဲ့ကို ရှက်စရာကြီး"

နေညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်(ေနညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်)🌼 Where stories live. Discover now