စာကိုယ်-၃(U+Z)

4.2K 461 50
                                    

Unicode

နေရီ စာကြည့်ခန်းရှေ့ ဖြတ်အလျှောက်တွင် အမြဲအရိပ်တကြည့်ကြည့် ကြည့်နေရတဲ့ ပုံရိပ်လေးက ကျွန်းထိုင်ခုံကလေးပေါ်မှာထိုင်လျှက် စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီးဖတ်နေပုံရသည်။ ဘေးတစောင်းမြင်နေရသည့် ပုံရိပ်လေးက မြတ်နိုးရတဲ့ဆံနွယ်စင်းစင်းတွေကို နှစ်ပတ်ခန့်ထုံးထားကာ ပိုနေသည့် ဆံနွယ်တွေကို လည်တိုင်ဘေးကနေယှက်လျက် ရင်ဘတ်ပေါ်ချထားသည်။ စာအုပ်ထဲ ဈာန်ဝင်နေသည့် အမျိုးသမီးလေးက ဘေးနားကို လူရောက်လာသည်ကိုပင် သတိထားမိဟန်မတူ။

" ဟိတ် ကလေးမ၊ဘာတွေ ဒီလောက် စိတ်ဝင်တစားဖတ်နေရတာလဲ"

သူ့အသံကြားတော့မှ မော့ကြည့်လာသည့် အမျိုးသမီးလေး။

" အာ ..နေရီရောက်နေတာတောင် ညိုသတိမထားမိလိုက်ဘူး။ ဒီမှာလေ...'ကမ်းလွန်'ဆိုတဲ့စာအုပ်လေး။ ဆရာ့စာအုပ်စင်ထဲက ဒီစာအုပ်လေးသဘောကျလို့ ညိုဖတ်နေတာ နှစ်ခါတောင်ရှိပြီ။" ညိုကပြုံးလျှက်ပြောသည်။

"ဟုတ်လား။နေရီတောင်မဖတ်ရသေးဘူး။ ဖတ်လို့ကောင်းလားဟင်" နေရီက ဘေးနားကခုံတစ်လုံးဆွဲကာ ဝင်ထိုင်သည်။

" ညိုကတော့ သဘောကျပါတယ်။ ဒါပေမယ့် စာအုပ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်အကြိုက်မတူတာမို့ ညိုကြိုက်တိုင်းလည်းနေရီကြိုက်ချင်မှ ကြိုက်မှာပါ" ညိုကပြောတော့ နေရီက ခေါင်းလေးတငြိမ့်ငြိမ့်။

"အင်း ၊ညိုဖတ်ပြီးပြီဆိုတော့ တို့ကိုပြောပြလေ။ အဲ့စာအုပ်ထဲမှာ ဇာတ်ဆောင်မင်းသားနဲ့မင်းသမီးက အဆုံးသတ်မှာပျော်သွားရရဲ့လား"

"ဟင်၊ အဲ့လိုမျိုးအဆုံးသတ် ကြိုသိထားတဲ့အခါ နေရီဖတ်လိုက်ရင် ပေါ့သွားမှာပေါ့"

" ဟီး။ နေရီက ဇာတ်သိမ်းကြိုသိမှဖြစ်မှာ ။ ငိုစရာကောင်းတဲ့အဆုံးသတ်တွေကို မဖတ်ရဲဘူး"

နေရီအပြောကြောင့် ညို နှုတ်ခမ်းတွေကွေးညွတ်ကျသွားတဲ့အထိ ပြုံးမိသွားသည်။ နေရီက တော်တော်လေးအသည်းနုတဲ့မိန်းကလေး။

" အင်း။ ဒါဆိုလည်းပြောပြမယ်။ နောက်ဆုံးကျ ဇာတ်ဆောင်ကောင်လေးသေသွားတယ်"

နေညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်(ေနညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်)🌼 Where stories live. Discover now