နိဒါန်းတစ်ခု၏နိဂုံး(U+Z)

5.3K 501 67
                                    

Unicode

ညိုအလုပ်တွေတအားပိနေပုံဘဲဆိုတဲ့အကြောင်းပြချက်နဲ့ နေရီက ကိုကိုကြီးကို ဝန်ထမ်းထပ်ခန့်ဖို့ပူဆာသည် ။ ကိုကိုကြီးကလည်း နေရီ့ဆန္ဒအတိုင်း သတင်းစာတိုက်မှာ နောက်ထပ်လက်နှိပ်စက်စာရေးလေးတစ်ယောက်ထပ်ခန့်ပေးတာမို့ ညိုလည်းအရင်ကလောက် အလုပ်မများတော့။ ဒီအကြောင်းကိုသိတဲ့ နေရီရီကလည်း သူ့ကိုကိုကြီးကိုပြောပြီး နေရီ့အတွက် ခွင့်ရက် လေးငါးရက်လောက်ပေးဖို့ပြောသည်။ သူ့ညီမစကားဆို ငြင်းလေ့မရှိတဲ့ကိုကိုကြီးကလည်း ဘာကိစ္စရှိလို့ခွင့်တောင်းတာလဲဟုမေးသည်။ ညိုနေခဲ့တဲ့ မိဘမဲ့ကျောင်းကို ခဏပြန်သွားမည်ဖြစ်ပြီး နေရီပါလိုက်လည်ချင်သည်ဟုပြောတော့ ကိုကိုကြီးက ကျေကျေနပ်နပ်ခွင့်ပြုပေးပြီး ဂေဟာအတွက်ဟုဆိုကာ ငွေနှင့် အသုံးအဆောင်များကိုပင်လှူလိုက်ပြီး အိမ်ကကားနှင့် ဒရိုင်ဘာနှင့် ကသာကိုအရောက်လိုက်ပို့ပေးသည်။ အပြန်လည်း လာကြိုမည်ဖြစ်၍ စောင့်နေကြရန် မှာလိုက်သည်။

လမ်းခရီးတစ်လျှောက် အစစ်အဆေးတွေရှိပေမယ့် သူတို့ကသာကို ချောချောမွေ့မွေ့ရောက်လာခဲ့ကြပါသည်။

မိုးရွာပြီးစမို့ ကသာဆီသွားရာလမ်းခရီးဟာ မြေသား ခပ်သိပ်သိပ်ဖြစ်နေတာမို့ နွေလောက်ဖုန်မထူ ။ ခပ်သင်းသင်း မြေနံ့ကလှိုင်သည်။ ကားပြတင်းကတဆင့် မော့ကြည့်မိတဲ့မိုးပြာရောင် ကောင်းကင်ပြင်မှာ သက်တန့်ခပ်သေးသေးလေးကဖြာသည်။ ကောင်းကင်နဲ့မြေကြီးဟာ မနီးစပ်နိုင်ဘူးလို့ဘယ်သူပြောလဲ ။ မိုးစက်တွေရဲ့အလွန် သက်တန့်တံတားလေးပေါ်လာတဲ့အခါ လှမ်းကိုကွာပါသည်ဆိုတဲ့ကောင်းကင်ဆီ သက်တန့်ပေါ်ကနေတက်သွားလို့ရောက်ချင်လည်းရောက်နိုင်မှာပေါ့ ။ အကွာအဝေးဆိုတာတကယ်မရှိလောက်ဘူးလို့ နေရီကတော့ သက်တန့်ကိုငေးရင်းအတွေးနယ်ချဲ့သည်။

" နေရီ ရှေ့နားမှာ မြင်နေရတဲ့ ခြံဘဲ"

ဘေးနားက ညို့အသံကြားမှ အတွေးကလက်စပြတ်သည် ။

" အာ ဟုတ်ပြီ ကိုအေးချစ်‌.. ရှေ့နားကခြံတဲ့နော်"

ဒရိုင်ဘာ ကိုအေးချစ်ကို နေရီက ကားနောက်ခန်းထဲကလှမ်းပြောသည်။

နေညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်(ေနညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်)🌼 Where stories live. Discover now