CHAPTER 8 - Two more

10.2K 1.9K 75
                                    

Unicode

ကုရှင်ချွမ်းကို အဆင်ပြေပြေဂရုစိုက်နိုင်ဖို့အတွက် တစ်မီတာလောက်မဝေးတဲ့အိပ်ယာနှစ်ခုပါတဲ့ standard room တစ်ခုကိုစုန့်ရီယူထားတယ်။

စုန့်ရီကကော်​ဇောပေါ်မှာထိုင်နေပီး ဆေးဗူးလေးကိုဖွင့်လိုက်ကာ ကုရှင်ချွမ်းခြေသလုံးကိုဂရုတစိုက်နဲ့ဆေးအသစ်လိမ်းပေးနေတယ်။ ​ခြေသလုံးပေါ်ကအပြာရောင်အမှတ်ကြီးကလဲအရာင်​ပြယ်နေပြီဖြစ်တယ် "ငါတို့ပြန်ရင် ဆေးရုံကိုတစ်ခါသွားပီးစစ်ကြည့်မှပဲ"

ကုရှင်ချွမ်းကကုတင်ခေါင်းရင်းကို ​မှီထိုင်နေပီး ဖုန်းကိုကလိရင်း စုန့်ရီပြောတဲ့စကားတွေကိုနားထောင်နေတယ်။ သူမော့ကြည့်လိုက်တဲ့အခါမှာ စုန့်ရီနားရွက်ကသိသိသာသာရဲနေတာကိုတွေ့လိုက်ရတယ်။ နားရွက်လေးကဖြူနေတော့ အတော်လေးထင်ရှားတယ် အဲ့တာကယုန်လေးနဲ့တူတယ်။

"မင်းနားရွက်တွေနီနေတယ်ရော?" ကုရှင်ချွမ်းကနူးနူးညံ့ညံ့လေးပြောတယ်။

စုန့်ရီအံ့အားသင်သွားတယ်။ သူတကယ်ရှက်နေတာပဲ။ တစ်ဖက်လူရဲ့အမေပြောတဲ့စကားကိုနားထောင်ရုံနဲ့တင်နားတွေရဲလာတယ်တဲ့လေ။ ဒါကယောက်ျားတစ်ယောက်အနေနဲ့ဖြစ်သင့်တဲ့အရာလား။

ကုရှင်ချွမ်းခေါင်းလေးစောင်းပီး စုန့်ရီနားရွက်ဖျားရဲရဲလေးတွေကိုကြည့်လိုက်တယ်။ ဒါလေးတွေကအတော်လေးလှတယ် ဒါပေမဲ့သူစုန့်ရီရဲ့ရှက်နေတဲ့အမူအရာကိုတွေ့တော့ သူတစ်ချက်ကြည့်ရဲ့နဲ့တင်နားလည်လိုက်တယ်။ မီးသေနတ်ကြီးပွင့်ထွက်သွားသလိုပဲ "F**k! စုန့်ရီမင်းသေချင်နေတာလား!"

စုန့်ရီအခုချိန်မှာ ငှက်ကုလားအုတ်ကြီးအဖြစ်ပြောင်းသွားပီး ခေါင်းကိိုဝှက်ထားချင်မိတယ်။ ဒါပေမဲ့သူကနည်းနည်းပါးပါးဖုံးဖိပီး သိက္ခါဆယ်ချင်တဲ့အတွက် ပေါ့ပေါ့ပါးပါးပြုံးပြလိုက်တယ် "ငါကယောက်ျားတစ်ယောက်လေ ဒီလိုပုံမှန်တုံ့ပြန်မှုလောက်တေ့ာရှိမျာပေါ့ ဒါကအန်တီကအရမ်းဆွဲဆောင်မှုရှိကြောင်းသက်သေပြလိုက်သလိုပဲလေ"

"ဒီကနေထစမ်း!" ကုရှင်ချွမ်းကစုန့်ရီကိုကော်လံကနေဆွဲပီး အိပ်ယာပေါ်ကပစ်ချလိုက်တယ်။ သူ့ရဲ့အရပ်ရှည်ရှည်သန်သန်မာမာခန္တာကိုယ်ကြီးက စုန့်ရီကိုတင်းတင်းဖိထားပီး ခက်ခက်ထန်ထန်ပြောလာတယ် "ဒါကငါ့အမေလေ မင်းအမျိုးသမီးတစ်ယောက်စကားပြောတာကိုမမြင်ဖူးဘူးလား?"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now