🧜‍♂️Little Mermaid🧜‍♂️

14.1K 957 557
                                    

Unicode

ကိုယ်အမြဲစိတ်ကူးယဥ်ခဲ့ရတဲ့ လူသားကမ္ဘာကို ခုကိုယ်တိုင်သွားရတော့မယ်ဆိုတော့ အလွန့်အလွန်ပင်စိတ်လှုပ်ရှားနေလို့ရယ်...

အမြီးလေးလွန့်လွန့် ,လွန့်လွန့်နဲ့ ရေပြင်ကိုဖြတ်ကာ လိုရာအရပ်သို့အမြန်ရောက်အောင်ကူးခတ်နေမိသည်...စိတ်ထဲမှာလည်း အတွေးတွေကလှပါစွာဖွဲ့သီလို့...

- လူသားကမ္ဘာကြီးက နေပျော်လို့ကောင်းမှာပဲ...အသစ်အဆန်းတေလည်းအများကြီးရှိမှာပဲ...ဝတ်စရာတွေကောစားစရာတွေကော အာ အရမ်းပျော်ဖို့ကောင်းမှာပဲ ဟီးဟီး...

- ဟွန့် ဒါတောင် ခမည်းတော်က ဘာတဲ့ လူသားတွေက ကြောက်ဖို့ကောင်းပြီးယုတ်မာတတ်ကြတယ်ဆိုပဲ...ဟွန်း ယုံပါဘူး...ကိုယ်တိုင်သွားပြီ မျက်မြင်ကိုယ်တွေ့ကြုံရမှယုံမယ်...ဟိ တကယ်အဲ့လိုလည်းဖြစ်လာမယ်မထင်ပါဘူး ခ်ခ်...လူသားတွေက စိတ်ထားကောင်းမှာပါ...

ဒီနေ့က ရေအောက်မင်းသားလေး Kim Taehyungရဲ့16နှစ်ပြည့်မွေးနေ့ဖြစ်သည်...မွေးနေ့မှာ ဖခင်ဖြစ်သူရဲ့ခွင့်ပြုချက်ကိုမရရအောင်တောင်းပြီးမှ ခုလိုမျိုးစွန့်စားခွင့်ရသည်မို့ ပျော်ရွှင်မှုဒီကရီတွေကလည်းမြင့်လို့...လက်ထဲမြဲမြံအောင်ဆုပ်ကိုင်ထားတဲ့ အပြာရောင်ပုလင်းလေးကိုကြည့်ရင်း...

- ဟိုရောက်တာနဲ့ ရေအောက်မှော်ဆရာကြီးပေးတဲ့ ဒီဆေးရည်ကို သောက်လိုက်ရင် ငါ့မှာလူခြေထောက်တွေရပြီပေါ့ ဟိ ပျော်လိုက်တာ လူခြေထောက်တွေရတော့မယ်ဟေ့ ဟီးဟီး ဟမ်!

ကူးခတ်နေတဲ့လမ်းတစ်ဝက်မှာတင် လျင်မြန်စွာလှုပ်ရှားနေတဲ့သူ့ရဲ့အမြှီးကလေးက တန့်ခနဲဖြစ်သွားရသည်...အကြောင်းကား...

- ဟို ဟိုဟာက?

ထိုအရာကို မျက်လုံးလေးပြူးကာ စိတ်ဝင်တစားကြည့်ရင်း အနားထိရောက်အောင် သတိလေးနဲ့ ဖြေးဖြေးချင်းကူးခတ်သွားသည်...

- ဟမ် လူ လူသားတစ်ယောက်ပဲ

တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေနဲ့...တစ်ကိုယ်လုံးလည်း လှုပ်မရအောင် ကြိုးတွေနဲ့လည်းတုတ်ခံထားရသေးတယ်...​ခြေထောက်နှစ်ဖက်စလုံးမှာလည်း ကျောက်ဆောင်လောက်ရှိတဲ့ သံတုံးကြီးတွေကတွဲလောင်းကြီးချည်ထားလို့...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now