👌Just Friend👌

15.2K 794 466
                                    

unicode

ဘေးနားမှာထိုင်နေတဲ့ ထယ်ယောင်းကို စူးစူးစိုက်စိုက်ကြည့်နေလိုက်တယ်...သူသဘောမကျတာတခုခုရှိနေလို့...မျက်စိထဲဘဝင်မကျတဲ့ အရာကိုချက်ချင်းပဲအမူအရာနဲ့ သူပြင်ပေးလိုက်တယ်...

သူဝတ်ထားတဲ့အင်္ကျီကိုလာဆွဲချတဲ့jungkookကို မျက်ခုံတွန့်ပြီးကြည့်လိုက်တယ်...

- ဘာလုပ်တာလဲjungkook

- ယောက်ျားလေးဝတ်တဲ့အင်္ကျီက အဲ့လောက်တိုစရာလိုလို့လား

မှန်သည်...ထယ့်အင်္ကျီက လက်မမြေညက်ဘဲနဲ့တောင် ခါးပေါ်နေသည်...ထယ့်ခါးသွယ်သွယ်လေးက လူတွေရဲ့အမြင်ကိုဆွဲဆောင်စေမှာပဲ...မဖြစ်စေရပါဘူး ထယ့်ခါးလေးကjungkookအပိုင်...မဟုတ်ဘူး ထယ့်တစ်ကိုယ်လုံးကjungkookအပိုင်...လောလောဆယ်တော့jungkookကိုယ်တိုင်သတ်မှတ်ထားတာပါပဲ...ထယ်ကတော့ friend zoonထဲက ထွက်ချင်ပုံမရ...

- ဟာ အဲဒါ စတိုင်လေ မသိဘူးလား

- မင်းပြောတဲ့ အဲ့စတိုင်ကြီးကို ငါတော့မကြိုက်ပါဘူး

- မင်းကြိုက်စရာမလိုဘူး ငါဝတ်တာ ငါကြိုက်ဖို့ပဲလိုတယ်

သူ့စကားကို တစ်ခွန်းမှမကျန်အောင် ဘောက်စပ်စပ်ပြန်ပြောနေတဲ့ ထယ်ယောင်း...ထယ်ထိုင်နေတဲ့ခုံကို ရုတ်တရက်သူ့အနားဆွဲလိုက်တော့ ခုံပေါ်ထိုင်နေတဲ့ထယ့်ကိုယ်လုံးလေးသူ့ဘက်ယိုင်ကျလာသည်...ပေါ်သွားတဲ့ခါးလေးကို မသိမသာဖက်လိုက်တော့ သူ့လက်ကိုအတင်းဖယ်ကာ

- jung jungkook မလုပ်နဲ့ yoonaတို့လာတော့မှာ

yoona?အော် ဟုတ်သား...ထယ်ကသူ့ချစ်သူyoonaနဲ့ လာချိန်းတွေ့တာကိုjungkookကို အဖော်ခေါ်လာခြင်းဖြစ်သည်...

လာချင်ရင်လည်း တစ်ယောက်တည်းလာပေါ့..နှစ်ယောက်တူတူသွားမယ်ဆိုရင်လည်း အဲ့အစစ်မတွေမပါစေနဲ့ပေါ့...ခုဟာက

- taehyung oppa!!!!

- အော် yoona oppaတို့ဒီမှာ

မျက်စိရှေ့ထိုင်ခုံမှာ ဝင်ထိုင်လာတဲ့ yoonaဆိုတဲ့ကောင်မလေးကိုjungkookကြည့်လိုက်သည်...သူလည်း အဖော်ခေါ်လာတာပဲ...သူ့ သူငယ်ချင်းဖြစ်ပုံရတဲ့ ကောင်မလေးက jungkookထိုင်ခုံရှေ့မှာ ဝင်ထိုင်သည်...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now