💐At Wedding Day💐

13.6K 692 322
                                    

- ဟဲ့ ထယ်ယောင်း မထသေးဘူးလား!!?

နားထဲကန့်လန့်ဝင်လာတဲ့ Hyungဖြစ်သူ
seokjinရဲ့ အော်သံ...နေတိုင်းHyungရဲ့ဒီလို မင်္ဂလာရှိတဲ့အသံလေးနဲ့ နိုးထနေကျဖြစ်တာကြောင့် ပေကပ်ကပ်နဲ့ အိပ်ရာထဲ ဆက်လှိမ့်နေသည်...

- ရား!!!Kim taehyung သတို့သားအရံက အဲ့လောက်အိပ်ပုတ်ကြီးနေစရာလား

ထိုအခါမှသူသတိရသွားတာက....အမလေး ဟုတ်သားပဲ ဒီနေ့ကhyung jinနဲ့သူရဲ့ချစ်သူhyung namjoonရဲ့ လက်ထပ်ပွဲနေ့လေ...ဘယ်အချိန်ရှိနေပြီလဲ နာရီလှမ်းကြည့်တော့ ရှစ်နာရီထိုးဖို့သိပ်မလိုတော့ပေ...

ကမန်းကတန်းကုန်းရုန်းထကာ တံခါးဖွင့်လိုက်တော့ ဟိုကမီးပွင့်ထွက်မတက်မျက်လုံးကြီးနဲ့ လူကိုစိုက်ကြည့်နေလေတယ်...ပြီးတော့ မိုးမဆုံးနိုင်တော့တဲ့ အော်သံနက်ကြီးဖြင့်

- မင်းနော်!!!...ငါ့ရဲ့မင်္ဂလာရှိတဲ့နေလေးမို့ မင်းကိုမရိုက်တာ...သွား!ခုချက်ချင်းမျက်နှာသစ်ပြီး မြန်မြန်ပြင်ဆင်တော့...!

အော်တာများ လူပါသူ့လေနဲ့လွင့်တော့မယ်...namjoon hyungကို နားမလည်လိုက်တာ...jin hyungကို ဘာကြည့်ကြိုက်လဲ အခွင့်ကြုံမှ မေးအုန်းမယ်...အကိုဖြစ်သူအား ပွစိပွစိလုပ်ရင်း ထယ်လည်းမင်္ဂလာပွဲအတွက် ပြင်ဆင်တော့သည်...

Hyungတို့ရဲ့ လက်ထပ်ပွဲကို Hotelတို့စားသောက်ဆိုင်တို့မှာ အရမ်းကြီးကြီးကျယ်ကျယ်ကျင်းပခြင်းမဟုတ်...အိမ်မှာပြုလုပ်ခြင်းဖြစ်သည်...အိမ်မှာသာကျင်းပတယ်ဆိုပြီး အထင်မသေးစေချင်...

ထယ်တို့အိမ်က ဧက၁၀၀လောက်ကျယ်သည်မို့ ခြံဝန်းတစ်ခုနဲ့တင် ဧက၇၀လောက်ရှိသည်...ထိုခြံကြီးထဲမှာ အကုန်ပြင်ဆင်ခင်းကျင်း၍ နှစ်ဖက်မိဘဆွေမျိုးနဲ့ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေပါမကျန် အကုန်ဖိတ်ကြားထားသည်မို့ မင်္ဂလာပွဲက အတော်တော့စည်မှာပင်...

သတို့သားနှစ်ယောက်နှင့် သတို့သားအရံ ငါးယောက်ရှိသည်...ထိုထဲမှာ ထယ်လည်းပါသည်...အစကတော့ထယ်မလုပ်ချင်... သို့ပေမယ့် အစ်ကိုဖြစ်သူရဲ့လက်ထပ်ပွဲဖြစ်တာကြောင့်လည်းပါသလို သူ့ကြောင့်လည်းပါသည်...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now