Unicode
ရင်ခွင်စူးပြပြအလင်းရောင်တစ်ချို့မျက်နှာကို လာရောက်ထိရိုက်သည်...မျက်လုံးထဲတိုးဝင်လာတဲ့ နေရောင်ပြပြကြောင့်စူးခနဲ့ဖြစ်သွားကာ မျက်လုံးအစုံတို့ပွင့်လာရသည်...နေထိုးနေတဲ့ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တော့ နေလုံးကြီးပင် ကောင်းကင်ထက်ဝယ် လုံးလုံးလျားလျား နေရာယူနှင့်နေပြီ...
အိပ်ယာပေါ်ကနေ ဆင်းကာ ပြတင်းတံခါးကိုဖွင့်လိုက်ပြီး တိုက်ခတ်လာတဲ့ပင်လယ်လေကို တဝကြီးရှူရှိုက်လိုက်သည်...ပြီးတော့မှ ကိုကိုနိုးလာမှာဆိုးတာနဲ့ ပြတင်းပေါက်တံခါးကိုပြန်ပိတ်ကာ လိုက်ကာကိုဆွဲပိတ်လိုက်သည်...
အနောက်ဘက်က မွှေ့ယာပေါ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကိုကို့ရဲ့နဖူးလေးကို ဖွဖွလေးတစ်ချက်နမ်းလိုက်ပြီး အောက်ထပ်သို့မနက်စာပြင်ရန် ဆင်းလာခဲ့သည်...
သူနဲ့ကိုကိုရဲ့ လက်ထပ်ပွဲအပြီး Honeymoonအဖြစ် ဂန်ဂျော်ဂို့ပင်လယ်သို့ ထွက်လာခဲ့ကြတာဖြစ်သည်...မနေ့က ညကရောက်ပြီး နှစ်ယောက်သား ခရီးပန်းပန်းနဲ့ အိပ်ပျော်သွားတာပင်...
{ဘာတောင်မဘာရသေးဘူးလို့ ထင်နေတာလား ဆက်ဖက်!💁♂️}............................
jungkookတစ်ယောက် အိပ်ရာနှိုးစ မျက်လုံးပွင့်လျင်ပွင့်ချင်း သူ့ဘေးနားဘက်ကိုကြည့်လိုက်သည်...
- ဟမ် ဘယ်ရောက်သွားတာ
အိပ်အခင်းကိုစမ်းကြည့်တော့ နွေးနွေးလေးဖြစ်နေသေးသည်...ဒါဆို ထသွားတာမကြာသေးဘူးပေါ့...ဘာလို့ အစောကြီးထသွားတာလဲဆိုပြီးတွေးနေပေမယ့် ထိုမျှလောက်နဲ့သာအတွေးစတွေကိုဖြတ်ချကာ အောက်ထပ်ကိုဆင်းလာကာ ချစ်ရသောကြင်သူအသစ်စက်စက်ကလေးအား လိုက်ရှာသည်..
ဟိုရှာဒီရှာနဲ့မီးဖိုခန်းထဲလည်းရောက်ရော တွေ့လိုက်ရပါပြီ...ခေါင်းလေးတငဲ့ငဲ့လုပ်ရင်း မနက်စာပြင်နေတဲ့ သူ့ရဲ့ကြင်သူလေး...
Jungkook သဘောကျစွာပြောလိုက်ပြီး အနားကိုဖြေးဖြေးလေး လျှောက်သွားကာ နောက်ကနေခါးလေးကိုလှမ်းဖက်လိုက်လိုက်တော့ ထယ့်ကိုယ်လုံးလေးတွန့်သွားကာ...
YOU ARE READING
𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}
Short Storyonly top - kook⚠ only buttom - tae⚠ Unicode+Zawgyi I already have been warning to you+++ so don't report me or blame me...... If you don't like it,just pass off!!!!!