Part 2 (ZG)

2.3K 73 0
                                    

မောင့်ဆေးကျောင်းသူ

Part 2

Zawgyi

"မနေ့က တို့ကျက်ခိုင်းထားတဲ့ စာတွေရပြီလား "

"ဟုတ် ရပြီဗျ "

"အင်း..ဒါဖြင့် အခုကစပြီး အချိန်ကြည့်ထားမယ် သတ်မှတ်ချိန်အတွင်းပြီးအောင် ပြန်ချရေးပြ "

"မှန်ရင် ဆုချမှာလား "

"ဒါပေါ့ မှားရင်တော့ ပေတံနဲ့လက်ဆစ်ခေါက်မယ် "

မိမိ အား လက်ညှိုး နှင့် လက်မလေးဝိုင်းကာ OK Sign လုပ်ပြပြီး ကျက်ခိုင်းထားသည့် စာတွေအား ချရေးနေသည် ​ချာတိတ်လေး ။ ဉာဏ်ကောင်းရဲ့သားနဲ့ကို တမင်စာမလုပ်ပဲ ဆိုးဆိုးပေပေ နေနေတတ်တာ အခုတော့ စာသင်နှစ် တဝက်လောက်ရောက်တော့ အသိစိတ်လေးနှင့် စာတွေလုပ်လာသည်လေ ။

"ပြီးပြီ မ "

A4 ပြောင်စာရွက်ပေါ်တွင် ညီညာစွာရေးထားသော စာလုံးလေးများသည် အမှားအယွင်း မရှိပဲ မှန်ကန်နေလေသည် ။

"ဘယ်ဆိုးလို့လဲ..အကုန်မှန်နေတာပဲ ဘာဆုချရမလဲပြော "

"မ, ခေါင်းကပန်ထားတဲ့ နှင်းဆီနီ "

မုန့်တို့ပစ္စည်းတို့ဆုချခိုင်းမည်ထင်သော်လည်း မထင်မှတ်ထားသည့် မိမိခေါင်းတွင် ပန်ထားလေ့ရှိသည့် နှင်းဆီနီကိုတောင်းလာသည် ။

"တကယ်လား ? မုန့်တို့ပစ္စည်းတို့မယူဘူးလား? "

"မလိုချင်ပါဘူး ။ မောင်က မပန်ထားတဲ့ နှင်းဆီနီလေးပဲလိုချင်တာ "

"ဟုတ်ပါပြီရှင် ၊ ပေးပါမယ် ယူပါ "

အနီ လည်း တွယ်ထားသည့်ကလစ် လေးကိုဖြုတ်ကာ ပေးလိုက်တော့ ပါးချိုင့်လေးများ ချိုင့်ဝင်သည် အထိ ပြုံးကာနေရင်း နှင်းဆီနီလေး အားကိုင်ကာစိုက်ကြည့်နေသည်လေ ။ ဒီကလေး အဲ့လောက်ထိတောင် ပန်းကိုနှစ်သက်သည်လား ။ အမြဲယောကျာ်းလေးဆန်ဆန် ဆော့ကစားတာ ဝတ်စားတာပဲ မြင်နေကြမို့ ပန်းကြိုက်သည်ဟု မထင်ထားမိခဲ့ ။
.
.
___________________

အချိန်ယန္တရားကြီးက ပုံမှန်လည်ပတ်ရင်း မောင့် ရဲ့ ယွန်းသေတ္တာလေးထဲတွင်လည်း နှင်းဆီနီအခြောက်လေးတွေဟာ တိုးလာလို့ပင် ။မောင့် ဘက်ကတော့ စတွေ့ထဲက ချစ်နေမိတာ အခုဆိုရင် ပို၍ပို၍ပင်သေချာကာ နေတော့သည် ။

မောင့်ဆေးကျောင်းသူ                        [GL Short Story Completed]Where stories live. Discover now