Part 3 (ZG)

2K 75 0
                                    

မောင့်ဆေးကျောင်းသူ

Part 3

Zawgyi

"သမီး မနက်ဖြန်ဆို အောင်စာရင်းတွေထွက်တော့မယ်နော် ၊ သမီး တပည့်လေးတွေဆီကော ဖုန်းဆက်ကြည့်ပြီးပြီလား "

အနီ , အိပ်ခန်းထဲတွင် မီးပူတိုက်နေတုန်း မေမေ မှမေးလာ၏ ။

"မဆက်ကြည့်ရသေးဘူး မေမေ ၊ ညလောက်မှဆက်လိုက်တော့မယ် "

အနီ , ဆယ်တန်း အောင်စာရင်းအတွက်ကော မောင် နဲ့ကတိပေးထားသည့် ကိစ္စအတွက်ပါ ရင်ခုန်ရပါသည် ။ သူ့ အား မောင် ဖွင့်ပြောတုန်းကတော့ ရိုးရိုး ၅၂၈ ဖြင့်သာချစ်သည်ဟု ယူဆထားသော်လည်း အချိန်တွေကြာလာသည်နှင့် အမျှ မောင့် ၏အပြုံး မောင့်၏အပြော..အို..စသည့် အရာရာတို့အပေါ် အနီ ရင်ခုန်ခဲ့မိသည် ။ မိဘ တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး တွဲဖို့အတွက်လည်း အနီ ကြိုတင်စဉ်းစားထားပြီးသားပါ ။ မနက်ဖြန်သာ မြန်မြန်ရောက်ချင်နေတော့သည် ။

ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့

မောင် က ပြောရင် ပြောသည့်အတိုင်းကို သေချာလုပ်ပြနိုင်ပါတယ် ။ အခုလည်း ဂုဏ်ထူး ၅ဘာသာဖြင့်ထူးထူးချွန်ချွန် အောင်မြင်သည်လေ ။ ထို့ကြောင့် မောင့် အားဂုဏ်ပြုရန် သူနှစ်သက်သည့် ရထားတွဲလေးအားဂုဏ်ပြုလက်ဆောင်အနေဖြင့် ထုပ်ပိုးလာခဲ့သည် ။

မောင် က ပြောရင် ပြောသည့်အတိုင်းကို သေချာလုပ်ပြနိုင်ပါတယ် ။ အခုလည်း ဂုဏ်ထူး ၅ဘာသာဖြင့်ထူးထူးချွန်ချွန် အောင်မြင်သည်လေ ။ ထို့ကြောင့် မောင့် အားဂုဏ်ပြုရန် သူနှစ်သက်သည့် ရထားတွဲလေးအားဂုဏ်ပြုလက်ဆောင်အနေဖြင့် ထုပ်ပိုးလာခဲ့သည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဪ..ဆရာမလေးရောက်ပါပြီပဲ ၊ ဆရာမတပည့် ကတော့သူ့သူငယ်ချင်းရောက်နေလို့ အခန်းထဲမှာ စကားပြောနေကြတယ် ၊ တက်သွားလိုက်နော် "

"ဟုတ်ကဲ့ အန်တီ ၊ အနီ တက်သွားလိုက်မယ်ရှင့် "

အမြဲ လူကြီးသူမတွေကို ရိုရိုကျိုးကျိုးရှိသည့် ဒီကလေးမလေးကို ဒေါ်ဒေစီ အမှန်တကယ် သမီးအရင်းလေးလိုသဘောကျနှစ်သက်မိပါသည် ။

မောင့်ဆေးကျောင်းသူ                        [GL Short Story Completed]Where stories live. Discover now