Part 4 (ZG)

2K 74 1
                                    

မောင့်ဆေးကျောင်းသူ

Part 4

Zawgyi

နှစ်အနည်းငယ်ကြာပြီးနောက်...

မောင် သူ့ချစ်သူကောင်မလေး ယုယ နှင့်မြန်မာပြည်က ထွက်သွားကတည်းက အနီ လည်းကိုယ့်လေ့လာရမယ့် ဆေးပညာရယ် ၊ စာပြန်သင်ပေးနေသည့် ကလေးများ နှင့်သာ အချိန်ကုန်နေစေခဲ့တော့သည် ။

အခုဆို နယ်မြို့တစ်ခုရဲ့ တိုက်နယ်ဆေးရုံ မှာ မီးယပ်နှင့်သားဖွားဆရာဝန်တစ်ဦး အနေဖြင့် သူမတာဝန်ထမ်းဆောင်နေပြီဖြစ်သည် ။ ညနေခင်း အားတဲ့အချိန်တွေဆို ပညာရေးပိုင်းတွင် အားနည်းတဲ့ဒေသ ဖြစ်တာကြောင့် ကလေးတွေအား စာပါပြန်ပြဖြစ်သေးသည် ။

"ဆရာမ သမီးရေးထားတာ မှန်လား "

My Dream ဟူသောခေါင်းစဉ်လေးဖြင့် အဂ်လိပ်စာ Essay လေးရေးထားသော ငါးတန်းကျောင်းသူလေး နန်းမူ ။ မိဘတွေမရှိတော့ပဲ အဖိုး၊ အဖွား တွေနဲ့သာ ကြီးပျင်းလာသော ကြောင့် တခြားကလေးတွေနဲ့ မတူပဲ အနေအေးကာ စာလည်းကြိုးစားသည်လေ ။ အခုလည်း သူမ ကရေးထားသည့်အကြောင်းအရာလေးက အခုလိုဝေးလံခေါင်ဖျားဒေသ တွင် ဆရာဝန်ရှားပါးလွန်းသည်ကြောင့် သက်ကြီးရွယ်အိုတွေ လူငယ်လေးတွေကာ နေထိုင်မကောင်းတဲ့အခါ အခက်အခဲဖြစ်ကြသလို..မြို့ပေါ်ထိ တက်ပြီးကုပါလျှင်လည်း ငွေကုန်ကြေးကျ များလွန်သည့်မို့ အသပြာဆရာဝန် မဟုတ်ပဲ စေတနာ ဆရာဝန်တစ်ဦးဖြစ်ချင်လိုပြီး အနီ့ ကိုလည်းအားကျအတုယူကြောင်းလေးကို Grammar မှန်မှန်ဖြင့် sentence လေးတွေတည်ဆောက်ထားကာ ရေးသားထားသောကြောင့် ပီတိဖြစ်ရပါတယ် ။

"နန်းမူလေးကတော်လိုက်တာကွယ် ၊ လက်ရေးလေးတွေလည်း ညီညာပြီး အားလုံးကအမှားမရှိသလောက်မှန်တယ် ကွဲ့ "

"ဆရာမ သင်ပေးတဲ့ကျေးဇူးတွေကြောင့်ပါ "

"ဘယ်ဟုတ်မလဲကွယ် ၊ သင်ပေးတဲ့သူကသင်ပေးပေမဲ့ ယူတဲ့သူကမယူတတ်ရင် ပညာဆိုတာ မရဘူးလေ "

အနီ , နန်းမူ လေး၏ ခေါင်းလေးအား သပ်ကာစကားဆိုလိုက်သည် ။

"ဘာတွေစကားကောင်းနေကြတာလဲ ဆရာမလေးတို့ "

မောင့်ဆေးကျောင်းသူ                        [GL Short Story Completed]Où les histoires vivent. Découvrez maintenant