💓 Final (Uni) 💓

6.9K 423 13
                                    

မောင့်ဆေးကျောင်းသူ

Final

Unicode

.... မင်္ဂလာရှိသော ဧည့်ပရိတ်သတ်ရှေ့မှာ
လက်ထပ်ပွဲလေး ကျင်းပကြတဲ့အခါ ....

ပန်းမျိုးစုံ တို့ဖြင့် ခမ်းနားလှပစွာဆင်မြန်းထားသော မဂ်လာခန်းမထဲသို့ ဝင်လာပြီဆိုရင်ပဲ အဆိုတော် အန်တီနွဲ့ယဥ်ဝင်း၏ သီချင်းလေးဖြင့် မဂ်လာမောင်နှံက ပွဲထွက်လာကြသည် ။

မောင် ကျောင်းပြီးလို့ မြန်မာပြည် ပြန်ရောက်တာ သုံးရက်ပဲရှိသေးသည် မေမေ မှ သူ့မိတ်ဆွေ၏ သားမဂ်လာဆောင် ကို အတင်းလိုက်ခဲ့ရန် ချောဆွဲသဖြင့် ပါလာရသည် ။ စင်ပေါ်တွင်ထိုင်နေသည့် သတို့သားကို မြင်လိုက်ရတော့ သေချာအောင် မေမေ့အား ထပ်မေးမိသည် ။ ထင်တဲ့အတိုင်းကို မ နှင့် ပတ်သတ်ခဲ့သည့် သူ ။ အခုကျတော့ မ , မဟုတ်သည့် တခြားတစ်ယောက် နှင့်ပြုံးရွှင်စွာ မဂ်လာဆောင်နေသည် တဲ့လား ။

"Congratulations ! ခုတော့ဟန်နီနွေဦးမဟုတ်တဲ့နောက် တစ်ယောက်နဲ့ပေါ့ "

စားပွဲဝိုင်းများတွင်ဧည့်သည်များအားလိုက်လံ နှုတ်ဆက်ကာ ဓာတ်ပုံရိုက်ကြသည့် အချိန်တွင် မောင် , ထိုလူ အားနှုတ်ဆက်လိုက်သည် ။ မှတ်မိပုံ မပေါ်သည့်ထိုသူသည် မောင့် အား စိုက်ကြည့်နေရှာသည် ။

"မင်း... ဟန်နီ တပည့် မောင် လား "

ဟန်နီ ရဲ့ အချစ်ဦး ချာတိတ်လေးသည် အခုထိလည်း ယောကျာ်းလေး ဟန်ပန်ဖြင့်သာ ပို၍ပင်ကြည့်ကောင်းလာသေးသည် ။ ထို့အပြင် အရပ်ကလည်း ကိုယ်တွေ နီးနီးပင် ။

"ဟုတ်ပါ့ဗျာ "

"အင်း..မင်း ဟန်နီ့ ကို မတွေ့လိုက်ဘူးလား ၊ သူ မဂ်လာပန်းကြဲတယ်လေ..မင်းတို့.."

ဟိန်း ပြောသည့်စကားပင်မဆုံးသေး ထိုချာတိတ်လေးသည် ပြေးထွက်သွားတော့သည် ။

အနီ , ပန်းကြဲ ပြီးနောက် စားပွဲတွင်ထိုင်ကာ အစီအစဥ်မှူး၏ စကားများအားနားထောင်ရင်း လျှောက်လှမ်းဘက်သို့ ကြည့်လိုက်တော့ မောင် နှင့် အန်တီဒေစီ သို့ဝင်လာကြသည်ကို တွေ့လိုက်သောကြောင့် ပွဲပြီးသည်အထိ မနေတော့ဘဲ မသိမသာ အပြင်သို့ထွက်လာခဲ့လိုက်တော့သည် ။

မောင့်ဆေးကျောင်းသူ                        [GL Short Story Completed]Tempat cerita menjadi hidup. Temukan sekarang